တရုတ်အစိုးရက သတင်းထောက်ကို ပြစ်ဒဏ်စီရင်မှု ဟောင်ကောင်တွင် ဆန္ဒပြ

ဂေါင်ယု (ဓာတ်ပုံ - အေအက်ဖ်ပီ)
တရုတ်အစိုးရက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ စွပ်စွဲပြီး တရုတ်သတင်းထောက် တဦးကို ပြစ်ဒဏ်စီရင်မှုအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဧပြီ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်ကတော့ တခြားနိုင်ငံတွေဟာ တရုတ်ရဲ့ တရားဥပဒေ စီရင်မှု ဆိုင်ရာ အချုပ်အခြာကို စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူးလို့ ပြောပါတယ်။ တရုတ်တရားရုံးက အသက် ၇၁ နှစ်အရွယ် သတင်းထောက် ဂေါင်ယုကို ကွန်မြူနစ်ပါတီရဲ့ အတွင်းရေး စာရွက်စာတမ်းတွေကို နိုင်ငံခြား အင်တာနက် စာမျက်နှာဆီ ပေါက်ကြားခဲ့တယ်လို့ စွပ်စွဲပြီး ဧပြီ ၁၇ ရက်နေ့ ထောင်ဒဏ် ၇နှစ် ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ ဟောင်ကောင် ဆန္ဒပြသူတွေက ဂေါင်ရဲ့ ဓာတ်ပုံပါတဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ရင်း ဗဟိုပြည်သူ့အစိုးရရဲ့ ဆက်ဆံရေးရုံးဆီကို ချီတက်သွားကြပြီး ဂေါင်ယုကို လွှတ်ပေးလို့ ဟစ်ကြွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံတွင်း သူရဲကောင်း ဒီမိုကရက်တစ်လှုပ်ရှားမှုကို ထောက်ခံရေး ဟောင်ကောင် မဟာမိတ်အဖွဲ့ဥက္ကဋ္ဌနဲ့ ဆန္ဒပြပွဲကို စီစဉ်သူ အဲလ်ဘတ်ဟိုကတော့ ဂေါင်ဟာ သတင်းထောက် တယောက်အနေနဲ့ သူ့အလုပ်ကို ရိုးရိုးရှင်းရှင်း လုပ်ခဲ့တာသာ ဖြစ်ပြီး ဘာအမှားမှ မလုပ်ဘူးလို့ ပြောပါတယ်။ မေလက အဖမ်းခံရတဲ့ ဂေါင်ဟာ စာရွက်စာတမ်းတွေကို မီဒီယာ အကြီးအကဲ ဟိုပင်ကို ပေးခဲ့တယ်လို့ စွပ်စွဲခံရပြီး တကယ်က မပေးခဲ့ဘူးလို့ ဟိုပင်က ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။ တရုတ်နိုင်ငံတွင်း နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် တသက်တကျွန်းပါ။ ဒါပေမယ့် တရားသူကြီးတွေက ဂေါင်စွပ်စွဲခံရတဲ့ ပေါက်ကြားမှုရဲ့အဆင့်ကို အခြေခံပြီး ထောင်ဒဏ် ၅ နှစ်ကနေ ဆယ်နှစ်ကြား ပြစ်ဒဏ်ပေးဖို့ ထောက်ခံခဲ့တာလို့ ရှေ့နေက ပြောပါတယ်။ gau-yu_650x400_41429263993အစိုးရ ခေါင်းဆောင်တွေကို ဝေဖန်တဲ့ ဆောင်းပါးတွေကြောင့် လူသိများခဲ့တဲ့ အလွတ်တန်း သတင်းထောက် ဂေါင်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ပြောပါတယ်။ ဒီအမှုဟာ ဂေါင်ရဲ့ လှုပ်ရှားမှုနဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် တတိယအကြိမ် တရားစွဲ ထောင်ချခံရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up