တောင်အာဖရိကတွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒေသခံများ ပဋိပက္ခဖြစ်

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့လယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒေသခံတွေကြား အကြမ်းဖက်မှုအတွင်း လူ ၄ ဦး သေဆုံးပြီး နိုင်ငံခြားသားတွေပိုင်တဲ့ ဆိုင်တွေ လုယက် မီးရှို့တာ ခံခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ မြို့လယ်မှာ ဆိုမာလီနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒေသခံတွေ ရန်ဖြစ်ခဲ့ကြပါတယ်။ ရဲတွေက ဆိုမာလီတွေကို ကာကွယ်ဖို့နဲ့ အကြမ်းဖက်မှု အဆုံးသတ်ဖို့ အဆောက်အဦ တခုတည်းကို ဖိအားပေးဝင်ခိုင်းခဲ့ရပါတယ်။ ချတ်စ်ဝါ့သ်နဲ့ အစ်စီပင်ဂိုမြို့တွေက စခန်းတွေမှာ နေတဲ့ အာဖရိကမြို့တွေက ရွှေ့ပြောင်း နေထိုင်သူတွေကတော့ နေရတာ ကြောက်တယ်လို့ ပြောပါတယ်။ မူရင်းနိုင်ငံတွေကို ပြန်ပို့ရင် ပိုကောင်းလိမ့်မယ်လို့လည်း ပြောပါတယ်။ ကွန်ဂိုနိုင်ငံသူ ရွှေ့ပြောင်းနေထိုင်သူ တယောက်ကတော့ သူနိုင်ငံထဲမှာ စစ်ဖြစ်နေလို့ တောင်အာဖရိကကို နိုင်ငံကောင်းလို့ ယူဆပြီး လာခဲ့တာ။ ခုတော့ အကြောင်းပြချက် မရှိဘဲ သတ်နေလို့ နိုင်ငံဆိုးလို့ ထင်ကြောင်း ပြောပါတယ်။ တောင်အာဖရိကနိုင်ငံဟာ အာဖရိကတိုက်မှာ စီးပွားရေး အဆင့်မြင့်ဆုံးနိုင်ငံပါ။ ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှုအပါအဝင် ကိစ္စအမျိုးမျိုးကြောင့် စိတ်ပျက်ခဲ့ကြလို့ ၂၀၀၈ ခုနှစ်က အလားတူ မငြိမ်သက်မှုအတွင်း နိုင်ငံခြားသား အယောက် ၆၀ ကျော် သေဆုံးခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံတွင်း အလုပ်လက်မဲ့နှုန်းက တရားဝင်အားဖြင့် ၂၅ ရာခိုင်နှုန်း ရှိပေမယ့် လက်တွေ့မှာ အများကြီး ပိုမြင့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="89612,89613,89614,89615,89616"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up