‘ရဲတွေက လူသတ်နေတာကို ရပ်ပါ’ ပိုစတာများ ကိုင်ပြီး အမေရိကန်တွင် ဆန္ဒပြ

အမေရိကန် ပြည်ထောင်စုမှာ ရဲအဖွဲ့က ပြည်သူတွေကို အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို ဒေါသထွက်နေတဲ့ ပြည်သူတွေဟာ နယူးယော့ခ်က ဘရွတ်ကလင်း မှာ ဧပြီလ ၁၄ ရက်နေ့က ဆန္ဒပြကြပါတယ်။ Demonstrators protest against police brutality against minorities during a protest in New Yorkတက်ကြွလှုပ်ရှားသူ ၂၅၀ လောက်ဟာ ပိုစတာတွေကို ကိုင်ပြီး ယူနီယံ စကွဲယားကနေ ချီတက်လာကြတာပါ။ ရဲတွေက လူသတ်နေတာကို ရပ်ပါ၊ လူသတ်တဲ့ ရဲတွေကို တားဆီးပါ စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ချီတက်လာကြတာပါ။ လက်တင်တွေနဲ့ လူမည်းတွေကို ရဲတွေက ရက်စက်နေတဲ့ ကိစ္စကို ရပ်တန့်ဖို့ လိုပြီလို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်၊ ဆန္ဒပြပွဲအတွင်း အနည်းဆုံး ၉ ယောက်လောက် အဖမ်းခံလိုက်ရပါတယ်။ ဆန္ဒပြသမားတွေအတွက် ဒေါသထွက်စေတဲ့ ပူပူနွေးနွေး အဖြစ်အပျက်ကတော့ ဧပြီလ ၄ ရက်နေ့က ဆောက်ကာရိုလိုင်းနားမှာ လူဖြူရဲအရာရှိ ဝေါတာ စကောက လက်နက်မပါတဲ့ လူမည်းအမျိုးသားကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စပါ။ ပစ်ခတ်မှုကို အနားက တယောက်က ဗိဒီယို မှတ်တမ်းတင်နိုင်ခဲ့ပြီး ရဲအရာရှိကိုလည်း လူသတ်မှုနဲ့ တရားစွဲထားပါတယ်။ မနှစ်တုန်းကလည်း လူဖြူရဲတွေ လက်ချက်ကြောင့် လူမည်းအမျိုးသားတွေ အသက်ဆုံးပါးခဲ့ရတဲ့ နာမည်ကြီး အမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြပွဲတွေလည်း ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်က မိုက်ကယ်ဘရောင်း၊ နယူးယော့ခ်က အဲရစ် ဂန်နာတို့ သေဆုံးမှုအတွက် အမေရိကန် ပြည်သူတွေက ရဲအဖွဲ့ရဲ့ အကြမ်းဖက်မှုကို ဒေါသထွက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up