Home
မြန်မာသတင်း
သင်္ကြန် ၂ ရက် မိုးရွာနိုင်
ရွှေအောင်
·
April 12, 2015
တရုတ်ပြည်ဘက်က လေအေးတွေနဲ့ အနောက်ဘက်လေအေးတွေကြောင့် မြန်မာ သင်္ကြန်ကာလအတွင်း အနည်းဆုံး ၂ ရက်လောက် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားပါတယ်။ သင်္ကြန်အကျနဲ့ အကြတ်နေ့တို့မှာ ၂ရက် ဆက်ရွာသွန်းနိုင်တယ်လို့လည်း ဆိုပါတယ်။ “မိုးရွာဖို့ရှိတယ်၊ မိုးရွာဖို့ဧရိယာတွေက ရှမ်းတောင် ရှမ်းအရှေ ကယား ကရင် မွန် တနင်္သာရီ ရန်ကုန် ဒေသအတော်များများမှာ ရွာဖို့ရှိတယ်၊ မိုးမပြတ်နိုင်ဘူး၊သင်္ကြန်တွင်း နေ့တိုင်းတော့ မရွာဘူး၊၂ရက်လောက် ရွာနိုင်တယ်၊ အထူးသဖြင့် အကျနဲ့ အကြတ်ပေါ့၊ အတက်နေ့တော့ မရွာနိုင်တော့ဘူးထင်တယ်” လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးများနိုင်ပြီး ကျန်ဒေသတွေမှာတော့ မိုးမများနိုင်ဘူးလို့လည်း ခန့်မှန်းပါတယ်။ မိုးတိမ်တောင်နဲ့ ရွာမယ့်မိုးဖြစ်တာကြောင့် မိုးသက်လေပြင်းကျနိုင်ပြီး မိုးကြိုး အန္တရာယ်ရှိတယ်လို့လဲ မိုးလေ၀သပညာရှင်က သတိပေး ပြောကြားပါတယ်။ 11061203_1052936601387578_1445104695930873289_nတရုတ်ပြည်ဘက်က လေအေးတွေဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မြန်မာပြည်ထဲ ၀င်ရောက်မှာဖြစ်လို့ ထိုင်းနိုင်ငံတွင်းမှာလည်း မိုကြိုးမုန်တိုင်းကျရောက်နိုင်တယ်လို့ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024