
ထိုင်းနိုင်ငံချင်းမိုင်မှာတော့ ဧပြီ ၁၂ ရက်ကနေ စတင်ပြီး သင်္ကြန်ပွဲကို စတင်ဆင်နွဲနေပါပြီ။
ထိုင်းနိုင်ငံတ၀န်းမှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာတော့ ချင်းမိုင်သင်္ကြန်ဟာ အစည်ကားဆုံး ဖြစ်သလို နိုင်ငံ တ၀န်းက လူတွေ လာရောက်ဆင်နွဲလေ့ရှိပါတယ်။ ဒါအပြင် ကမ္ဘာလှည့် ခရီးသွားတွေကလည်း ဒီသင်္ကြန်ကို ထိုင်းလူမျိုးတွေနဲ့ အတူဆင်နွှဲသလို သန်းနဲ့ ချီတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။
ဒီနှစ်မှာတော့ ချင်းမိုင် ၀က်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း ကိုယ်စားပြု အကအလှပြယာဉ်တွေက တခြား ထိုင်းဘုန်းကြီးကျောင်းတွေက အလှပြယာဉ်တွေနဲ့ အတူ မြို့ဝင်းကို လှည့်လည်ပြသမှာ ဖြစ်ပါတယ်။
ချင်းမိုင် ကျူံးတ၀ိုက်ကတော့ သင်္ကြန်ပွဲတော်မှာ အစည်းကားဆုံးနေရာ ဖြစ်သလို နေ့လယ်ပိုင်းမှာ ချင်းမိုင် အနီးက ဝေ့သင်းထောက် ရေကန်နဲ့ ရေတံခွန်တွေကို လူတွေက သွားရောက်လေ့ရှိတဲ့ အတွက် ဒီနေရာတွေဟာလည်း တိုးမပေါက်အောင် စည်ကားပါတယ်။ဒီနှစ်သင်္ကြန်မှာတော့ လျှပ်ပေါ်လျှော်လီ မ၀တ်စားဖို့ မူးယစ်ဆေးတွေ မသုံးစွဲဖို့ ရေပိုက်နဲ့အမြင့်က အရှိန်ပြင်းပြင်းမပက်ဖို့ စတဲ့ အချက် ၈ ချက်ကိုလည်း ထိုင်းအစိုးရ ထုတ်ပြန်ထားပါတယ်။
သတင်းဓာတ်ပုံ (ခွန်ဘသာ)
[gallery ids="89268,89262,89263,89265,89266,89267,89261,89264"]










