DVB Logo
Home
Lead Story
ထွန်းထွန်းမင်းက အမေရိကန်လက်ဝှေ့သမားကို အနိုင်ရရှိ (ဓာတ်ပုံ)
DVB
·
April 12, 2015
ထွန်းထွန်းမင်းက အမေရိကန်လက်ဝှေ့သမားကို အနိုင်ရရှိ (ဓာတ်ပုံ)
1 / 15
Donate to DVB

ဧပြီ ၁၁ ရက်နေ့က ရန်ကုန်မြို့  အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ မှာ ယှဉ်ပြိုင်သွားတဲ့ မြန်မာ- အမေရိကန် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲမှာ မြန်မာချန်ပီယံ ထွန်းထွန်းမင်းက အမေရိကန်က ဆိုင်းရပ်စ်ကို အလဲထိုး အနိုင်ရသွားပါတယ်။

ဒီပွဲဟာ မကျေပွဲ ဖြစ်ပြီး ပရိသတ်တွေက တခဲနက် အားပေးတဲ့အတွက် ကြိုးဝိုင်းဘေးက အထူးတန်းမှာ ပြည့်ကြပ်နေခဲ့ပါတယ်။

ပထမတကြိမ် စိန်ခေါ်ပွဲတုန်းက ဆိုင်းရပ်စ်က အနိုင်ရထားလို့ ဒီပွဲမှာ ထွန်းထွန်းမင်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

ပထမအချီမှာ ထွန်းထွန်းမင်းက အသာစီးနဲ့ တိုက်စစ်ဆင် ထိုးသတ်သွားနိုင်ခဲ့လို့ ဆိုင်းရပ်စ်ရဲ့  နဖူး ကွဲသွားခဲ့ပါတယ်။ ဆိုင်းရပ်စ်ဟာ ပထမအကြိမ် အနိုင်ရတုန်းကအတိုင်း ပတ်တံတောင်တွေ၊ နောက်ပြန်ကန်ချက်တွေနဲ့ ရင်ဆိုင်သွားလို့  ထွန်းထွန်းမင်း အထိနာခဲ့ရပါတယ်။

နောက်ဆုံး ၅ ချီမြောက်မှာ ထွန်းထွန်းမင်း ဒူးတိုက်ချက် ထိသွားတာကို အခွင့်အရေးယူပြီး ဆိုင်းရပ်စ်ကို လက်သီးတွဲလုံးတွေ ပစ်သွင်းပြီး အလဲထိုး အနိုင်ရသွားတာပါ။

ထွန်းထွန်းမင်း (မုဒုံသား)ဟာ အမေရိကန်ုနိုင်ငံသား ဆိုင်းရပ်စ်ကို အနိုင်ရသွားလို့ ချန်ပီယံသရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွေမှာ ပြည်တွင်း မြန်မာလက်ဝှေ့သမားတွေ ထိုးသတ်တဲ့ စိန်ခေါ်ပွဲ ၇ ပွဲ အပါအ၀င် ၈ ပွဲ ထိုးသတ်ခဲ့ပါတယ်။

 

[gallery ids="89239,89240,89241,89242,89243,89244,89245,89246,89247,89248,89249,89250,89251,89252,89253"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013