DVB Logo
Home
Lead Story
သင်္ကြန်သီချင်းများ သီဆိုမည့် ဂျပန်အဆိုတော်နှင့် မေးမြန်းချက်
DVB
·
April 11, 2015
သင်္ကြန်သီချင်းများ သီဆိုမည့် ဂျပန်အဆိုတော်နှင့် မေးမြန်းချက်
Donate to DVB

အချစ်သီချင်းတွေ ကမ္ဘာကြီးကို ပျံ့နှံ့စေချင်သူ ဂျပန် တေးရေး အဆိုတော် ဂျွန်ကိုဟာ မြန်မာသင်္ကြန်မှာ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိ ဂျပန်နိုင်ငံမှာ အောင်မြင်စပြုနေတဲ့ အဆိုတော်တဦးဖြစ်ပါတယ်။

ဂျွန်ကိုဟာ မြန်မာရိုးရာ အတာသင်္ကြန်မှာ သင်္ကြန်သီချင်းတွေကို သီဆိုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို သီချင်းသွားဆိုဖြစ်ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဂျွန်ကို ကို ဒီဗွီဘီသတင်းထောက် ကိုဇော်ဇော်လှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဘာကြောင့် မြန်မာပြည် သင်္ကြန်ကို သွားပြီး ဆိုမှာပါလဲ။

“ကျမအိမ်မက်တွေက ကျမရဲ့ အချစ်သီချင်းတွေကို ကမ္ဘာအနှံ့၊ နိုင်ငံတကာကို ပျံ့နှံ့စေချင်တာပါ။”

နိုင်ငံတကာအဆင့်ဆိုရင် ဘာကြောင့် ကမ္ဘာမှာ တေးဂီတဆိုင်ရာ ထုတ်လုပ်မှုအပါအ၀င် အကြီးကျယ်ဆုံးတခုဖြစ်တဲ့ အမေရိကန်ရဲ့ AVIC  ကနေ ၂ ကြိမ်တိုင်အောင် ဆုရခဲ့ဖူးတာကို အမေရိကန်ကို မရွေးပဲ မြန်မာစာသင်၊ မြန်မာသီချင်းတွေ ဆိုချင်တာဘာကြောင့်ပါလဲ။

“ဂျပန်တွေလည်း နိုင်ငံတကာအဆင့်ဆိုရင် အမေရိကန်ကိုပဲမြင်မိမှာပါ။ ကျမ AVIC လို ကုမ္ပဏီက ဆုတွေရခဲ့ဖူးပေမယ့်  ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် လူသားအချင်းချင်းအတူတူပါပဲ။ ကျမဘေးက အသိမိတ်ဆွေတွေကတဆင့် ဂျပန်ရောက်မြန်မာတွေနဲ့ အသိမိတ်ဆွေဖြစ်ပြီး သူတို့ရဲ့ ရိုးသားကြိုးစားပြီး ကြင်နာဖော်ရွှေတာတွေကို ကျမသတိထားမိပြီး မြန်မာနိုင်ငံကို  စိတ်ဝင်စားသွားတာပါ။

“ကျမ ၉ နှစ်သမီးအရွယ်ကစလို့ အကျဉ်းထောင်းတွေ၊ လူအိုရုံတွေမှာ သီချင်းတွေ လိုက်ဆိုခဲ့ပါတယ်။ လူမှုအထောက်အကူပြုနိုင်တာတွေ လုပ်ချင်ပါတယ်။”

မြန်မာနိုင်ငံကို ရောက်ဖူးပါသလား။

“မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ်သွားမှာပါ။ မြန်မာနိုင်ငံရဲ့ အထွဋ်အထိပ်ထားရာ နှစ်သစ်ကူးမှာ ကျမရဲ့ အချစ်သီချင်းတွေ၊ မြန်မာ့သင်္ကြန်သီချင်းတွေကို ကြိုစားဆိုမှာမို့ မြန်မာနိုင်ငံသားတွေနဲ့ အတူ ပျော်ရွှင်ကြည်နူးရမှာမို့ ရင်ခုန်နေပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်နှရက်နေမှာလဲ။

“၁၃ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံမှာ ရှိနေမှာပါ။”
ဂျွန်ကိုရဲ့ မြန်မာသင်္ကြန်သီချင်း "ဖြူနီပြာဝါ" သီဆိုထားမှု ရုပ်သံ ကြည့်ရှုရန် - ဂျွန်ကိုဖေ့ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013