DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ လပြည့် ပဲခူးနှင့် မန္တလေးတွင် ဆန္ဒပြ
DVB
·
April 10, 2015
လက်ပံတန်းသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ လပြည့် ပဲခူးနှင့် မန္တလေးတွင် ဆန္ဒပြ
1 / 5
Donate to DVB

သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လက်ပံတန်းသပိတ်ဖြိုခွင်းခံရတဲ့ ၁ လပြည့် အထိမ်းအမှတ်  ဒီကနေ့ မနက်ပိုင်းက  ပဲခူးမြို့နဲ့ မန္တလေးမြို့ တွေမှာ ကျောင်းသားတွေနဲ့ မိဘတွေပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးမြို့မှာဆိုရင် မနက် ၈ နာရီလောက်ကတည်းကစပြီး မြို့တွင်းကို လှည့်ပတ်ဆန္ဒထုတ်ဖော်ကြ တာဖြစ်ပါတယ်။

“ကျနော်တို့ အဓိကက ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ပေါ့နော်။ နောက်ထပ် အကြမ်းဖက်မှုတွေ ဆက်မလုပ်ဖို့၊ နောက်အခုလက်ရှိ နောက်ပိုင်းမှာ ထပ်မံဖမ်းဆီးနေတဲ့ ကျောင်းသားတွေကို ဖမ်းဆီးမှုတွေမလုပ်ဖို့ တောင်းဆိုထားပါတယ်”လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တောင်ငူတက္ကသိုလ   ဥပဒေ တတိယ နှစ်ကျောင်းသား ကိုဇင်မျိုးအောင်က ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ ရန်ကုန်၊ တောင်ငူ နဲ့ ပဲခူးမြို့ပေါ်က ကျောင်းသူကျောင်းသား ၁၀၀ ကျော်နဲ့ ကျောင်းသား မိဘတချို့လည်းပါဝင်ခဲ့ကြပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း  မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို လမ်းလျှောက် ချီတက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ရိုက်နှက် ဖြိုခွင်းခံရတာ ၁ လပြည့်တဲ့အနေနဲ့ မန္တလေးမြို့က မဟာမြတ်မုနိ ရုပ်ရှင်တော် အရှေ့ဘက်မုခ်မှာ မနက် ၁၀ နာရီ ကျော်က မိုးပျံပူဖောင်းတွေလွှတ်ပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ကျောင်းသားတွေ ကတောင်းဆိုပါတယ်။

“ကျောင်းသားအင်အား ၁၀ ယောက်ကျော်နဲ့ မိုးပျံပူပေါင်းတွေလွှတ်ပါတယ်။ မိုးပျံပူဖောင်း အနီရောင်တွေအပေါ်မှာ ကျောင်းသားတွေ လွှတ်ဆိုတဲ့စာသားတွေပါတယ်။ အလုံး ၄၀ လောက်ရှိတယ်” ဒီပွဲကို သတင်းသွားယူခဲ့တဲ့ သတင်းထောက်က ပြောပါတယ်။

ဒီလိုမိုးပျံပူဖောင်းတွေကို ၁၅ မိနစ်လောက်ပဲ လွှတ်ပြီး လူစုခွဲခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ပြီး မန္တလေးကနေ ရန်ကုန် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ကျောင်းသားတွေကို အာဏာပိုင်တွေက လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးခဲ့ပါတယ်။

မနေ့ကအထိ လက်ပံတန်း ကျောင်းသားတွေနဲ့ ၀န်ရံပြည်သူ ၇၀ ကျော် ပုဒ်မ ၅ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့နေရသလို ရန်ကုန်မှာလည်း  ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

[gallery ids="89036,89035,89034,89033,89032"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013