Home
မြန်မာသတင်း
လူကူးကုန်းကျော်တံတား ၆ စင်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တွင် တည်ဆောက်မည်
ကျော်ဇေယျာဝင်း
·
April 6, 2015
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း လူကူးကုန်းကျော်တံတား ၆ စင်း ဆောက်လုပ်ဖို့ လျာထားတယ်လို့ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။ အဲ့ဒီ လူကူးခုံးကျော်တံတားတွေကတော့ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းမပေါ်မှာ လူကူးခုံးကျော်တံတား ၁စင်း၊ လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် လမ်းမတော်လမ်းဆုံမှာ ၁ စင်း၊ ဗဟန်းမြို့နယ်မှာ ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း (၃) လမ်း အနီးမှာ ၁စင်း၊ ကမာရွတ်မြို့နယ်မှာ ပြည်လမ်းမပေါ်ရှိ ပညာရေးတက္ကသိုလ်ကျောင်းရှေ့ အနီးတွင် ၁ စင်း၊ မာလာဆောင်ရှေ့တွင် ၁ စင်း၊ အင်လျားကန်ရှေ့မှာ ၁ စင်း စုစုပေါင်း လူကူးခုံးကျော်တံတား ၆ စင်းကို တည်ဆောက်ပေးဖို့လျာထားပြီးဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကပြောပါတယ်။ အဲ့ဒီတံတား ၆ စင်း တည်ဆောက်ဖို့အတွက် ကျပ်ငွေ ၁၅၂၀.၀၁၃သန်း သုံးစွဲဖို့ လျာထားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအနီးမှာ ၁ စင်း၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်း လမ်းဆုံမှာ စက်လှေခါးပါ လူကူးခုံးကျော်တံတား ၁ စင်း၊ မရမ်းကုန်မြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းမပေါ် ဂမုန်းပွင့်ကုန်တိုက်အနီးမှာ စက်လှေခါးပါလူကူးကုန်းကျော်တံတား ၁ စင်း တည်ဆောက်ပေးခဲ့ပြီး လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနဲ့ လမ်းသစ် လမ်းဆုံမှာ၁စင်းနဲ့ ကမာရွတ်မြို့နယ်မှာ အင်းစိန်လမ်းမကြီး လှည်းတန်းလမ်းဆုံအနီးမှာ ၁ စင်းကို ဆက်လက်ဆောက်လုပ်နေတယ်လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024