ပါလက်စတိုင်းဒုက္ခသည်စခန်းတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်

ဆီရီးယားနိုင်ငံ မြို့တော် ဒမာစကတ်က ပါလက်စတိုင်း ဒုက္ခသည်စခန်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ယာမွခ်ဒုက္ခသည်စခန်းကို  ဧပြီ ၁ ရက်နေ့မှာ ၀င်စီးခဲ့တဲ့ အစွန်းရောက်  အိုင်အက်စ်အဖွဲ့ဟာ အခုတော့ စခန်းကနေ ပြန်ဆုတ်နေရတယ်လို့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်မှူးက ပြောပါတယ်။ ပါလက်စတိုင်းအုပ်စုရဲ့ တပ်မှူးဖြစ်တဲ့ အဘူကီဖာဟာ အရင်က ဆီရီးယားသမ္မတ အာဆတ်ကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး အခုတော့ အိုင်အက်အဖွဲ့ကို တိုက်ခိုက်တဲ့စစ်မှာ အစိုးရ စစ်တပ်က သူတို့ဘက်က စစ်ကူပေးနေပါတယ်။ ပါလက်စတိုင်းအဖွဲ့ရဲ့ လက်နက်ကိုင်အင်အား ၂၀၀၀ ကျော် ရှိပြီး စခန်းကို တိုက်ခိုက်နေတဲ့ အစွန်းရောက် အိုင်အက်စ်အုပ်စုက အင်အား ၈၀၀ ကျော် ၉၀၀  ၀န်းကျင်ရှိပါတယ်။ ဒါကြောင့် ပါလက်စတိုင်း အဖွဲ့ဟာ လူအင်အားသာသလို၊ ဆီရီးယား အစိုးရက လက်နက်ကြီး ပစ်ကူနေတာကြောင့် တိုက်ပွဲမှာ အသာစီး ပြန်ရနေပါတယ်။ ယာမွခ် ဒုက္ခသည်စခန်းဟာ တချိန်က လူစည်ကားတဲ့မြို့ငယ်လေးလို ဖြစ်ခဲ့ပြီး ပါလက်စတိုင်း လူဦးရေ ၁၆၀၀၀၀ နေထိုင်ပါတယ်၊ သူတို့ဟာ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။ အခု တိုက်ပွဲတွေကြောင့် လူတော်တော်များများ ထွက်ပြေးသွားပြီး ၁၈၀၀၀ ၀န်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ ယာမွခ် ဒုက္ခသည်စခန်းမှာ ဆီရီးယားပြည်တွင်းစစ် စဖြစ်ကတည်းက တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ မနှစ် ဖဖော်ဝါရီလက ဆီရီးယားသူပုန်တွေနဲ့ ပါလက်စတိုင်းလက်နက်ကိုင်တွေ သဘောတူညီချက်အရ  ပါလက်စတိုင်း လက်နက်ကိုင်တွေကပဲ စခန်းကို လုံခြုံရေး ယူထားတာဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up