တရုတ်နိုင်ငံက ၇ နှစ် ဒရမ်တီးသမား (သတင်း ဓာတ်ပုံ)
DVB
·
April 5, 2015
တရုတ်နိုင်ငံက ၇ နှစ် ဒရမ်တီးသမား ဒေါချီမွန်းဟာ တီယန်ဂျင်းက နာမည်ကြီး ဂီတကြောင်းမှာ ဒရမ်နဲ့ ဂီတာ တီးနည်းကို သင်ယူခဲ့ပါတယ်။
ဒေါ့ချီမွန်းရဲ့ အဖေက ဆင်းရဲတဲ့ ကျေးလက်တောရွာက ဖြစ်ပြီး ၁၉၉၀ နောက်ပိုင်း ကိုယ်ပိုင် စီးပွားရေး လုပ်ပြီး ကြွယ်ဝချမ်းသာလာခဲ့ပါတယ်။
ဒီနောက်မှာတော့ မိသားစုရဲ့ အနာဂတ်အတွက် သမီးကို အားလုံး ပံ့ပိုးပေးခဲ့ပါတယ်။
စနေတနင်္ဂနွေနေ့တွေမှာတော့ တရက်ကို ၁၀ နာရီ ဒရမ်တီး လေ့ကျင်ပါတယ်။ ဒီလိုလုပ်ဖို့သူကို အတင်း အကြပ်လုပ်ခိုင်းတာမဟုတ်ဘဲ ၀ါသနာပါလို့လုပ်တာလို့ ဒေါ့ချီမွန်းရဲ့ ဆရာကပြောပါတယ်။
ဒီလိုအခြေခံကောင်းတဲ့အတွက် ကြီးလာရင်တော့ ကျွမ်းကျင်တဲ့ ဒရမ်တီးသမားတဦးဖြစ်လာမယ်လို့ ဆိုပါ တယ်။
ဒေါ့ချီမွန်းဟာ သူငယ်ချင်းတွေနဲ့တွဲပြီး မှင်စာကလေးများလို့ အမည်ရတဲ့ တီးဝိုင်းတခုကိုလည်း ထောင် ထားပါသေးတယ်။
ဒေါ့ချီမွန်းဟာ အီတလီမှာ ကျင်းပတဲ့ ကလေးငယ် ၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်တဲ့ အတီးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ ဒေါချီမွန်းဟာ ကြေးတံဆိပ်ကို ရရှိခဲ့ပါတယ်။
[gallery ids="88448,88447,88446,88445,88444"]