အမေရိကန်တွင် သေနတ်ထိန်းချုပ်ရေး လှုပ်ရှားသူ ကွယ်လွန်

အမေရိကန် ပြည်ထောင်စုမှာ သေနတ်ထိန်းချုပ်ရေးအတွက် စည်းရုံးလှုပ်ရှားသူတွေထဲက ထင်ရှားသူတယောက်ဖြစ်တဲ့  ရှာရာ ဘရတ်ဒီ ဧပြီ ၃ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ အရင် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းဝန် ဂျိမ်းဘရတ်ဒီရဲ့ ဇနီးလည်းဖြစ်ပါတယ်။ နမိုးနီးယား ရောဂါကို ခံစားခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ် ရှိပြီလို့ သူ့မိသားစုက ပြောပါတယ်။ ၁၉၈၁ ခုနှစ်က သမ္မတ ရော်နယ်ရေဂင်ကို လုပ်ကြံဖို့ ကြိုးစားမှုအတွင်း ဂျိမ်းဘရတ်ဒီလည်း သေနတ်ဒဏ်ရာ ရခဲ့တဲ့နောက် ရှာရာဘရတ်ဒီဟာ သေနတ်ထိန်းချုပ်ရေး လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဂျိမ်းဘရတ်ဒီကတော့ သေတဲ့အထိ လက်တွန်းထိုင်ခုံပေါ်မှာပဲ ဒုက္ခိတဘ၀နဲ့ နေသွားရရှာပါတယ်။ [caption id="attachment_88414" align="alignright" width="399"]ဂျိမ်းဘရတ်ဒီနှင့်ရှာရာဘရတ်ဒီ ဂျိမ်းဘရတ်ဒီနှင့်ရှာရာဘရတ်ဒီ[/caption] သူတို့ လင်မယားနှစ်ယောက်ဟာ ဘရတ်ဒီ စင်တာကိုလည်း ထူထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံး လက်နက်ဆန့်ကျင်ရေး အုပ်စု ဖြစ်ပါတယ်။

More News
Up