DVB Logo
Home
မြန်မာသတင်း
ကျွန်ပြုခံ အင်ဒိုကျွန်းပေါ်က မြန်မာနှင့်ကမ္ဘောဒီးယား အလုပ်သမားများကို ကယ်ထုတ်
DVB
·
April 4, 2015
ကျွန်ပြုခံ အင်ဒိုကျွန်းပေါ်က မြန်မာနှင့်ကမ္ဘောဒီးယား အလုပ်သမားများကို ကယ်ထုတ်
1 / 5
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းပေါ်မှာ နေထိုင်ပြီး အတင်းအဓမ္မ ကျွန်ပြုခိုင်းစေခံရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံသား ၃၀၀ ကျော်ကို ဧပြီ ၃ ရက်က ကယ်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။

လာရောက်ကယ်ဆယ်တဲ့သတင်းကို ကြားတာနဲ့ တပြိုင်နက် အလုပ်သမားတွေက တောတွေ တောင်တွေထဲကနေ ထွက်လာခဲ့တယ်လို့ အေပီသတင်းက ရေးပါတယ်။

ကယ်ဆယ်လာတဲ့သူတွေအများစုက မြန်မာတွေဖြစ်ပြီး တချို့က လုပ်ခလစာ မရလို့ သွားရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ထုတ်လာတဲ့ အထဲမှာ လာအိုနဲ့ ကမ္ဘောဒီးယား အများစု ဖြစ်တယ်လို့လည်း သတင်းမှာ ရေးပါတယ်။

"နှစ်တော်ကြာ သတင်းမကြားရတဲ့ မိဘတွေကို သွားတွေ့မယ်”လို့ အသက် ၄၂ နှစ် ကိုဝင်းဝင်းကို ပြောတာကို ကိုးကားပြီး သတင်းမှာရေးပါတယ်။

အလုပ်သမား ၃၂၀ ကျော်က ကယ်ဆယ်တာကို လက်ခံခဲ့သလို သူတို့ရဲ့ ပစ္စည်းတွေကို ပလတ်စတစ်အိတ်တွေနဲ့ သယ်ယူလာတယ်လို့ ဆိုပါတယ်။

မမှောင်ခင် အချိန်အထိ အလုပ်သမားတွေကတပျော်တပါးနဲ့ ထွက်လာသလို တချို့ဆိုရင် နေမကောင်းဖြစ်နေတယ်လို့ သတင်းက ရေးပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်ခြင်း အဖွဲ့တော့ ဘန်ဂျီနာကျွန်းနဲ့ အနီးတ၀ိုက်မှာ နိုင်ငံခြားသား ၄ ထောင်လောက် လူကုန်ကူး ဖမ်းဆီး ကျွန်ပြုခံနေရတယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ မြန်မာနိုင်ငံသား ၂၀ ဦးကို တခြားကျွန်းတခုကို ပြောင်းရွှေ့လိုက်တယ်လို့ အင်ဒိုနီးရှား ပင်လယ်သယံဇာတနဲ့ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေးက ပြောပါတယ်။

အလုပ်သမားတွေနဲ့ မေးမြန်းခဲ့ပြီးတဲ့နောက် လုံခြုံရေးအတွက် ဘန်ဂျီနာကျွန်းကနေ အနီးနားက တခြားကျွန်းတခုကို ပြောင်းရွှေ့လိုက်တာလို့ အင်ဒိုနီးရှား ပင်လယ်သံယဇာတနဲ့ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေး အထွေထွေညွှန်ကြားရေးမှူးကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

ဘန်ဂျီနာကျွန်းက လုံခြုံရေး အခြေအနေက အကန့်အသတ်ရှိနေသလို အင်ဒိုနီးရှား ရေတပ်က တပ်ဖွဲ့ဝင် ၂ ဦးပဲ ဒီကျွန်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

အခြေအနေကို သိရဖို့ ကျွန်းပေါ်မှာ ရှိတဲ့လူတွေအားလုံးကို အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့က မေးမြန်းခဲ့ရာမှာ အေပီသတင်းဌာနကို ပြောဆိုခဲ့သလို မတော်မတရားမှုတွေ ခံရတယ်ဆိုတာကို ငါးဖမ်းလုပ်သားတွေက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အေပီသတင်းဌာနက မြန်မာ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကျွန်ပြုဖမ်းဆီးပြီး အမေရိကန်၊ ဥရောပနိုင်ငံများကို တင်ပို့ရောင်းချနေတဲ့ ထိုင်းငါးဖမ်းသဘောင်္ပေါ်မှာ အဓမ္မစေခိုင်းခံနေရ တယ်လို့ အရင်ရက်ပိုင်းက ရေးသားထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်း အင်ဒိုနီးရှားအာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့သလို လက်ရှိမှာတော့ ကျွန်းပေါ်မှာ ကျွန်ပြုခိုင်းစေခံထားရတဲ့ အလုပ်သမားအားလုံးကို ကယ်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာအစိုးရက ကျွန်းပေါ်မှာ ကျွန်ပြုခံနေရတဲ့ မြန်မာနိုင်ငံသား အများစုကို ပြန်လည်ခေါ်ယူဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဧပြီ ၃ ရက်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားအဖြစ် အတည်ပြုစစ်ဆေးပြီးရင်တော့ ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကရေးပါတယ်။

ဒီလုပ်သားအများစုကို ထိုင်းတွေက ကျွန်ပြုခိုင်းစေခဲ့ပြီး ထိုင်းနာမည်နဲ့ အိမ်လိပ်စာ အတုတွေပါတဲ့ အထောက်အထား အတုတွေ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - အယ်လ်ဂျာဇီးယား

[gallery ids="88304,88305,88306,88307"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013