ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် တူရကီ ရှေ့နေသေဆုံး (ရုပ်သံ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ တူရကီလက်ဝဲစွန်းအုပ်စုက ဖမ်းဆီးထားတဲ့ အစိုးရရှေ့နေတဦးဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။ ရဲတပ်ဖွဲ့တွေက မတ် ၃၁ ရက်က အစွန်းရောက်တွေ စီးနင်းထားတဲ့ ရုံးခန်းကို ၀င်ရောက် စီးနင်းရာမှာ ရရှိထားတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သလို ဖမ်းဆီးသူ ၂ ဦး သေဆုံးတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ တော်လှန်သော လူထုလွတ်မြောက်ပါတီ (DHKP-C) က ရှေ့နေရဲ့ ဦးခေါင်းကို သေနတ်နဲ့ ချိန်ထားပြီး တောင်းဆိုချက်တွေ မလိုက်လျောရင် ပစ်သတ်မယ်ဆိုတဲ့ ဓာတ်ပုံကို ထုတ်ဝေခဲ့ပါတယ်။ တူရကီသမ္မတ တာရစ်အာဒိုဂန်ကတော့ ဖမ်းဆီးခံရှေ့နေ မယ်မက် ဆလင်းကီရာဇ်က ဦးခေါင်းမှာ ၃ ကြိမ် အပစ်ခံရသလို ခန္ဓာကိုယ်မှာ ၂ ကြိမ် အပစ်ခံထားရတယ်လို့ ပြောပါတယ်။ အရေးပေါ်ခွဲစိတ်ဖို့ ဆေးရုံကို သယ်ဆောင်ခဲ့ပေမယ့် သေဆုံးသွားတာလို့ ဆိုပါတယ်။ ရှေ့နေ ကိရာဇ်ဟာ မတ်လက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် သေဆုံးသွားတဲ့ အသက် ၁၅ နှစ်လူငယ်အမှု စုံစမ်းစစ်ဆေးရေးကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ DHKP ကတော့ လူငယ်သေဆုံးမှုအတွက် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့က အရာရှိတွေကို တီဗွီကနေ တဆင့်တောင်းပန်ဖို့ ဆန္ဒပြပွဲကို တက်ခဲ့တဲ့လူတွေ တရားစွဲတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်။ အစ္စတန်ဘူလ်မြို့လယ်က တရားရုံးကို တပ်ဖွဲ့တွေက စီးနင်းခဲ့ပြီး ၆ နာရီကြာ ရှေ့မတိုး နောက်မဆုတ်အခြေအနေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့တွေက ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up