DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ်မူကြမ်းသဘောတူညီချက် ကုလနှင့်အမေရိကန်ကြိုဆို
DVB
·
April 1, 2015
အပစ်ရပ်စာချုပ်မူကြမ်းသဘောတူညီချက် ကုလနှင့်အမေရိကန်ကြိုဆို
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းဟာ သမိုင်းဝင်ထင်ရှားတဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့လည်း ၀မ်းမြောက်စွာကြိုဆိုကြောင်းနဲ့ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက်  အရေးကြီးတဲ့မှတ်တိုင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ရခဲ့တဲ့ သဘောတူညီချက်ဟာ အရင်က ရန်သူဟောင်းတွေအကြား  ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ရောက်လာတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တရုတ်သံတမန်တွေနဲ့အတူ လေ့လာသူအဖြစ် တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

အလားတူ အမေရိကန်အစိုးရကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်နိုင်ခြင်းအပေါ် ကြိုဆိုကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက မတ် ၃၁ ရက်နေ့မှာ  ကြေညာချက်ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်သဘောတူညီမှုဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြိုးပမ်းမရဖြစ်နေတဲ့  ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖို့ သမိုင်းဝင်ခြေလှမ်း ဖြစ်လာနိုင်ချေရှိတယ်လို့ ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား မနေ့က ရန်ကုန်မှာ သမ္မတရှေ့မှောက်  နှစ်ဖက်  သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

အခု မူကြမ်းကို တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို တင်ပြပြီး သဘောတူ တယ်ဆိုရင်တော့ တနိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူ စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ပါမယ်။

မနေ့က စာချူပ်မူကြမ်း လက်မှတ်ရေးထိုးပွဲမှာ သမ္မတဦးသိန်းစိန် ပြောခဲ့တဲ့မိန့်ခွန်းထဲမှာတော့ ဧပြီလအတွင်းမှာ လက်မှတ်ရေးထိုးဖို့ သေချာပေါက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အပစ်ရပ်စာချုပ်မူကြမ်းသဘောတူညီချက် ကုလနှင့်အမေရိကန်ကြိုဆို