ပေါ်တိုညာနောက်ခံလူကို ရီးရဲလ်ခေါ်ယူရန် သဘောတူညီချက်ရ

စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းက ပေါ်တူဂီကလပ် ပေါ်တိုအသင်းရဲ့ ညာနောက်ခံလူ လော့စ် ဒယ်နီလို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ ရီးရဲလ်က ဘရာဇီး လက်ရွေးစင် နောက်တန်းသမား ဒယ်နီလိုကို ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၃ နှစ် ဘရာဇီးကလပ် ဆန်းတို့စ် ကစားသမားဟောင်း ရီးရဲလ်မှာ ၂၀၂၁ မတိုင်ခင်အထိ ရှိနေမှာပါ။ ပြောင်းရွှေ့ကြေးကတော့ ယူရို သန်း ၃၀ လောက်ရှိလိမ့်မယ်လို့ ဗြိတိသျှ မီဒီယာတွေက ခန့်မှန်းထားပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ မန်ယူနဲ့ အာဆင်နယ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။ ဘရာဇီးနောက်ခံလူ ဒယ်နီလိုဟာ ပေါ်တိုအတွက် ၈၄ ပွဲနဲ့ လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲ ကစားပေးထား ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up