အီတလီနှင့် အင်္ဂလန်သရေကျပြီး စပိန်ပေါ်တူဂီတို့ရှုံးသည့် ခြေစမ်းပွဲ

မတ် ၃၁ ရက်ညက ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေမှာ အီတလီနဲ့အင်္ဂလန် သရေ ကျပြီး  စပိန်နဲ့ ပေါ်တူဂီတို့ ရှုံးသွားပါတယ်။ အီတလီအတွက် ဦး ဆောင်ဂိုးကို ပယ်လီက ပထမပိုင်းမှာ သွင်းယူပြီး အင်္ဂလန် အတွက် ချေပဂိုးကို တောင်းဆန်က သွင်းယူပါတယ်။ အီတလီအတွက်တော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နောက်ပိုင်း မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပြီး အင်္ဂလန်ကတော့ ၉  ပွဲဆက်တိုက် မရှုံးသေးတဲ့ စံချိန် တင်ထားပါတယ်။ နယ်သာလန်ကတော့ စပိန်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ ဆုံဖူးထားပြီး နယ်သာလန်က စပိန်ကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီပွဲမှာ စပိန်က ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိုးဖောက် ကန်သွင်းခွင့်တွေပိုရခဲ့တာပါ။ ပေါ်တူဂီကတော့ အိမ်ကွင်းမှာ ကာပီ ဗာဒါကျွန်းစု နိုင်ငံကို ၂ ဂိုးဂိုးမရှိနဲ့ ရှုံးသွားတာပါ။ နာမည်ကြီး ပေါ်တူဂီအတွက်တော့ အံ့အားသင့်စရာ ရလဒ် ဖြစ်ခဲ့ပါတယ်။  ဒီပွဲမှာ ပေါ်တူဂီက တယောက် အထုတ်ခံရပြီး ကန်သွင်းခွင့်တွေ ပိုရပေမယ့် အသုံးမချနိုင်လို့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ [gallery ids="87942,87943,87944,87945,87946,87947,87948,87949"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up