DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း သမ္မတရှေ့မှောက် သဘောတူလက်မှတ်ထိုး
DVB
·
March 31, 2015
တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း သမ္မတရှေ့မှောက် သဘောတူလက်မှတ်ထိုး
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား ဒီကနေ့  ပဏာမ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပတဲ့  အန်စီအေ သဘောတူစာချပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၈ ရက်မြောက်နေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ  သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ အခုလို နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အတွက် ၀မ်းသာ ကြောင်းလည်း ဒီလက်မှတ်ရေးထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ပဏာမ သဘောတူညီချက်ရထားတဲ့ စာချုပ်မူကြမ်းကို  သက်ဆိုင်ရာ ခေါင်းဆောင်တွေထံ  နှစ်ဖက်စလုံးက  ပြန်လည်တင်ပြပြီး   တပြည်လုံးအပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။

အဆိုပါ စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့  ယူပီဒဗလျူစီအဖွဲ့နဲ့  တိုင်းရင်းသားတွေဘက်က နိုင်ဟံသာ ဦးဆောင်တဲ့ အန်စီစီတီအဖွဲ့တို့အကြား    မတ် ၁၇ ရက်နေ့ ကတည်းက ရန်ကုန်မှာ  စတင် ဆွေးနွေးခဲ့ကြတာပါ။

သီတင်းတပတ်ကြာရပ်နားပြီး မနေ့က ပြန်ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ အန်စီအေ အပစ်ရပ်စာချုပ်မူကြမ်းပါ အခန်းပေါင်း ၇ ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ်ပါအချက် အားလုံးကို နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013