Homeမေးမြန်းခန်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအဲန်ယူတို့ ဆွေးနွေး (အင်တာဗျူး -ဖဒိုစောကွယ်ထူးဝင်း)
ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအဲန်ယူတို့ ဆွေးနွေး (အင်တာဗျူး -ဖဒိုစောကွယ်ထူးဝင်း)
DVB
·
March 30, 2015

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ကေအန်ယူ ကရင့်အမျိုးသားအ စည်းအရုံးတို့ နေပြည်တော်မှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစု ကြည်ရဲ့ နေအိမ်မှာ ၂ နာရီကြာ တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ၊ ၂၀၁၅ ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့ရေးတို့ ကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ကေအန်ယူ ကရင့်အမျိုးသားအ စည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက ပြောပါတယ်။