DVB Logo
Home
မြန်မာသတင်း
ကြက်ခြေနီအဖွဲ့က ရဲတပ်ဖွဲ့ကို လူစုလူဝေးထိန်းသိမ်းနည်း စာတွေ့၊ လက်တွေ့ သင်ကြား
DVB
·
March 29, 2015
ကြက်ခြေနီအဖွဲ့က ရဲတပ်ဖွဲ့ကို လူစုလူဝေးထိန်းသိမ်းနည်း စာတွေ့၊ လက်တွေ့ သင်ကြား
1 / 3
Donate to DVB

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လူစုလူဝေးထိန်းသိမ်းနည်း အလုပ်ရုံဆွေးနွေးပွဲတခု မန္တလးမြို့မှာ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

[caption id="attachment_87588" align="aligncenter" width="665"]10985250_682891048505431_6079290147882538328_n အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - MOI)[/caption]

မတ်လ ၂၆ ရက်က ပြီးစီးသွားတဲ့ အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေး အခြေအနေမှ ပဋိပက္ခ အခြေအနေ ပြောင်းလဲလာတဲ့အခါ ဆောင်ရွက်ရမယ့် ရဲလုပ်ငန်းတွေ၊ ဆူပူအကြမ်းဖက်မှု ကာကွယ်ရန်နဲ့ လုံခြုံရေးဆိုင်ရာ ဘာသာရပ်တွေ၊ ဖမ်းဆီးတာ၊

[caption id="attachment_87589" align="aligncenter" width="696"]လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခဲ့စဉ်က လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခဲ့စဉ်က[/caption]

ထိန်းသိမ်းတာ၊ အင်အားသုံး ဖြိုခွဲတာနဲ့ လက်နက် အသုံးပြုတာ စတဲ့ ရဲလုပ်ငန်း လုပ်ကိုင်ခွင့်တွေကို ကျင့်သုံးတဲ့အခါ မလိုလားအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ နောက်ဆက်တွဲ အကျိုဆက်တွေကို ကြိုတင် ကာကွယ်နိုင်ခြင်းဖြင့် လူစုလူဝေးကို ဖြေလျော့စေနိုင်ပုံတို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက စာတွေ့လက်တွေ့ သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောကျောင်းသားဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲနေတာကြောင့် ရဲတပ်ဖွဲ့ကို သင်တန်းပေးခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂအပေါ် အများက မေးခွန်းထုတ် ဝေဖန်နေကြချိန်မှာ အခုလို အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013