စစ်တပိုင်းအစိုးရဟာ ဖက်စစ် အစိုးရဆိုတာ ကျနော်ပြောချင်ပါတယ် - ကျော်ကိုကို (ရုပ်သံ)
DVB
·
March 27, 2015
“ပြည်သူတွေနဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ သိန်းစိန် (ဦး) စစ်တပိုင်းအစိုးရဟာ ဖက်စစ် အစိုးရဆိုတာ ကျနော်ပြောချင်ပါတယ်” လို့ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို က ပြောဆိုလိုက်ပါတယ်။
““ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်းဟာ မပြီးဆုံးသေးပါဘူး၊ ဖက်ဆစ်ကို တော်လှန်ရမယ့် ခရီးလမ်းဟာ မပြီးပါဘူး။ ပညာရေး လှုပ်ရှားမှုဟာ မပြီးဆုံးသေးပါဘူး”လို့ ဆက်လက် ပြောဆိုပါတယ်။
ဒီနေ့မနက် ၁၀ နာရီ ၁၀ မိနစ်က ရန်ကုန်မြို့ သိမ်ကြီးဈေးမှာ ဗကသများ အဖွဲ့ချုပ်နှင့် လူငယ်များ ဦးဆောင်ကျင်းပတဲ့ ဒီမိုကရေစီပညာရေး ဆန္ဒထုတ်ဖော်ပွဲမှာ ပြောဆိုလိုက်တာပါ။