Home
မြန်မာသတင်း
နည်းပညာကျွမ်းကျင်အောင် လုပ်ပေးမည့် အားကစားဝတ်စုံ
DVB
·
March 26, 2015
သက်တောင့်သက်သာ ရှိရုံသာမက ကိုယ့်ရဲ့ နည်းပညာကျွမ်းကျင်မှုကိုပါ ဘယ်လို တိုးတက်အောင် လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးမယ့် အားကစားဝတ်စုံပါ။ ဒါကတော့ အိပ်ဇ်အယ်ဖလက်ဇ်ရဲ့ အဆိုပြုချက်တရပ် ဖြစ်ပြီး အားကစားသမားတွေ အတွက် ထိရောက်တဲ့ တုံ့ပြန်မှုတွေကို ပံ့ပိုးပေးလိုတာမို့ အဆိုပါ စမတ်အထည်ကို ကိန်းဘရစ်တက္ကသိုလ်မှ သိပံ္ပပညာရှင်တွေက တီထွင်လိုက်တာ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ လက်တွေ့အသုံးဝင်မှု ၂ ခုကို ညှိနှိုင်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ်အနေနဲ့ ဒီအထည်သားကိုယ်တိုင်က ထိရောက်တဲ့ motion ဆင်ဆာတခု ဖြစ်လာပါတယ်လို့ တီထွင်သူ မာတင်ဘရော့က ပြောပါတယ်။ "ကိုယ့်ရဲ့လှုပ်ရှားမှု ဒါမှမဟုတ် လုပ်ဆောင်ချက်အပေါ် တုံ့ပြန်မှုပေးနိုင်တဲ့ ဆင်ဆာတခု ပါရှိတာနဲ့ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုမှာ တစိတ်တပိုင်းအဖြစ် ပါဝင်နေတဲ့ သက်တောင့်သက်သာ ရှိမှု၊ ၀တ်ဆင်နိုင်မှုနဲ့ ကျော့ရှင်းမှုတွေကို ပေးနိုင်တဲ့ အ၀တ်အထည်တချို့ကို ပိုင်ဆိုင်မှုရဲ့ကြားမှာ ချိန်ညှိပေးရတာတွေ လုံးဝမရှိပါဘူး။" အားကစားကုထုံးတွေဟာ နည်းပညာမြင့်မားလာပြီ ဖြစ်တာကြောင့် ရာဖေးနာဒယ်လ်လို နာမည်ကျော်ကြယ်ပွင့်တွေအနေနဲ့ လက်ရှိ တင်းနစ်ဆော့ဝဲလ်ကနေတဆင့် အကျိုးအမြတ်ရနိုင်ဖို့ အိပ်ဇ်အယ်ဖလက်ဇ်ရဲ့ ဒီဇိုင်နာတွေက မျှော်လင့်ထားကြပါတယ်။ အဆက်နေရာကလည်း ပြောင်းလဲပြင်လွယ် ရှိတာမို့ အိပ်ဇ်အယ်ဖလက်ဇ်ဟာ ဟိုတစုသည်တစု ပြန့်ကျဲနေတဲ့ အလင်းရောင်ကို အလင်းရောင်ဖြင့် ဆက်သွယ်မှုလုပ်ငန်းသုံး ဖန်မျှင်လို့ ကြိုးမျှင်ကို သုံးပြီး တိုင်းတာပါတယ်။ ကိုယ်နေဟန်ထားနဲ့ လှုပ်ရှားပုံကို မှန်အောင်ပြင်ပေးခြင်းနဲ့ နည်းပရိယာယ် တိုးတက်အောင် မည်သို့ လုပ်ဆောင်ရကြောင်း လမ်းညွှန်ပေးတာတို့လို ၀တ်ဆင်သူတွေအတွက် အသုံးဝင်တဲ့ တုံ့ပြန်မှုရလဒ်တွေကို အယ်လဂိုရီသမ်ကနေတဆင့် ထုတ်ပေးပါတယ်။ "ထိရောက်တဲ့ တုံ့ပြန်မှု ရဖို့ တခုခုနဲ့ ပတ်သတ်တဲ့ အဆစ်လှုပ်ရှားမှုတချို့ကို အကြမ်းဖျင်း လုပ်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ နည်းပရိယာယ်ကို တိုးတက်အောင် ပုံရိပ်စစ်အသွင်တု နည်းပြတဦးအနေနဲ့ ဆောင်ရွက်ပေးမှာ ဖြစ်သလို နည်းပြတဦးနဲ့ လေ့ကျင့်ရေး ဆင်းနေရသလိုမျိုး ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပေးထားမှာပါ။ အဲဒီနောက်မှာတော့ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ သင်ကြားပေးပြီးတဲ့နောက် ၂ ပတ်အကြာမှာ အရင်က အကျင့်ဟောင်း တွေကို ဘယ်လောက်ထိ ဖျောက်ပစ်လိုက်နိုင်ပြီဆိုတာ သိနိုင်ဖို့ နှိုင်းယှဉ်ပြပေးမှာပါ။" အိပ်ဇ်အယ်ဖလက်ဇ်ရဲ့ ပေါင်းစပ်ဆင်ဆာဟာ လက်ပတ်နည်းပညာဈေးကွက်မှာ အပြောင်းအလဲတခု ဖြစ်နိုင်ပါတယ်လို့ ကိန်းဘရစ်တက္ကသိုလ် အကြံပေးများ၊ နည်းပညာ ဖန်တီးသူများအဖွဲ့မှ ဒူကန်စမစ်က ပြောပါတယ်။ "ဖက်ရှင်ဒီဇိုင်နာတွေကပဲ အ၀တ်အထည်တွေကို ဒီဇိုင်းထွင်နေတာထက်စာရင် နည်းပညာရှင်တွေကလည်း လက်ပတ်နည်းပညာမှာ လက်ပတ် ဒါမှမဟုတ် တခြားတခုခုကို ဒီဇိုင်းထွင်တဲ့ အဓိပ္ပာယ်မျိုးပါ။ ဒါက ရှေ့ဆက်တိုးတက်မှုအကြီးကြီးတခုပါပဲ။" လက်ရှိ ရှေ့ပြေးပုံစံမှာတော့ လက်အိတ်နဲ့ အင်္ကျီလက် ၂ မျိုးသာ ရှိသေးပြီး အိပ်ဇ်အယ်ဖလက်ဇ် နည်းပညာဟာ တိုးတက်မှုအဆင့်တခုပါလို့ တီထွင်သူတွေက ဆိုပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်ကို ပေါင်းစပ်ပေးမယ့် ဖက်ရှင်နဲ့ ဒီဇိုင်းကုမ္ပဏီတွေကို ရှာဖွေနေပြီး တက်သစ်စ အားကစားကြယ်ပွင့်တွေအတွက် နှစ်သက်ဖွယ်ရာတခုအဖြစ် အသုံးတော်ခံပေးမှာ ဖြစ်ပါတယ်။ [gallery ids="87262,87263,87264,87265,87266,87267"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024