DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်းဆိုင်ရာ ကိစ္စအပါအ၀င် လေးချက်သာဆွေးနွေးရန် ကျန်ဟုဆို
DVB
·
March 25, 2015
တပ်ပိုင်းဆိုင်ရာ ကိစ္စအပါအ၀င် လေးချက်သာဆွေးနွေးရန် ကျန်ဟုဆို
Donate to DVB

တပ်ပိုင်းဆိုင်ရာကိစ္စရပ် အပါအ၀င် ဆွေးနွေးဖို့ အချက်လေးချက်လောက်ပဲကျန်ရှိတော့ပြီး တိုင်းရင်းသားတို့ဘက်က တောင်းဆိုထားတာတွေ အစိုးရကလိုက်လျောရင် ဒီတကြိမ်ဆွေးနွေးပွဲ ပြတ်နိုင်တယ်လို့ အန်စီစီတီအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောပါတယ်။

လာမယ့် မတ်လ ၃၀ ရက်မှာ ပြန်လည်ကျင်းပဖို့ရှိတဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ယူပီဒဗလျုစီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲအခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“နံပါတ်တစ်ကတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခြင်းကိစ္စနဲ့ ပတ်သက်တာဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်တယ်။ တတိယတချက်က နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့က တိုင်းရင်းသား ကိုယ်စားလှယ်များဆိုပြီးတော့ ထပ်ထည့်တယ်၊ အခု ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါပြီးသားဖြစ်တယ်။ ထပ်ထည့်မယ့် တိုင်းရင်းသားကိုယ်စားလှယ်ဆိုတာကို ဘယ်အခြေခံနဲ့ ရွေးမှာလဲ ကျနော်တို့ မေးထားတယ်။ စတုတ္ထအချက်က ကြားကာလ အစီအစဉ်၊ ဆွေးနွေးပွဲကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပါတယ်။”

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ ၇ ကြိမ်မြောက် အပစ်ရပ်ဆွေးနွေးပွဲကို မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို တပတ်ရပ်နားထားပါတယ်။

အစိုးရက လာမယ့် သင်္ကြန်အပြီးလောက် တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုး နိုင်ဖို့မျှော်မှန်းထားပြီး အဲ့ဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေကို နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013