DVB Logo
Home
မြန်မာသတင်း
ကျောင်းသားအပါအ၀င် ၀န်ရံသူ ၆၉ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲ
DVB
·
March 25, 2015
ကျောင်းသားအပါအ၀င် ၀န်ရံသူ  ၆၉ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲ
1 / 4
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။

ဒီတရားစွဲဆိုခံရတဲ့ ၆၉ ဦးထဲက အမျိုးသမီး ၁၁ ဦးပါဝင်ပြီး သူတို့တွေကို ရဲမှူးကြီးအုန်းမြင့်ကနေပြီး တရားလိုလုပ်တရားစွဲဆိုတာဖြစ်တယ်လို့ ကျောင်းသားတွေအမှု အတွက် လိုက်ပါကူညီဆောင်ရွက်မယ့် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“သူတို့ကို လက်ပံတန်းမြို့နယ်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/ ၂၀၁၅ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နဲ့ ၅၀၅(ခ)တို့နဲ့ ရဲမှူး ဦးအုန်းမြင့်ကနေပြီး တရားလိုလုပ်ပြီးတော့ စွဲတာပါ။”

ဒီအမှုတွေနဲ့ပတ်သက်ပြီး  ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒစစ်အောင် နဲ့ ကိုမြတ်သူ ၄ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဒီညနေပိုင်းမှာလည်း ၁၁ ဦးကိုလည်း ရုံးတင်ဖို့ရှိပြီး ဒီ ၁၁ ဦးကိုတော့ ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ရုံးတင်တရားစွဲဆိုခံရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ရဲ့ ဖခင် ဦးသန်းဝင်းကတော့ သားဖြစ်သူအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ဦးကတော့ သားအတွက်ကို အများကြီး ဂုဏ်ယူတယ်။ အခုလို တနိုင်ငံလုံးအတွက်ကို သူက အမျိုးသားပညာရေးဥပဒေကို ကိုယ်တိုင်ဦးဆောင်တဲ့အတွက် ဦးကတော့ ဘာမှမပြောလိုပါဘူး။ ဦးသားအတွက် ဦးဂုဏ်ယူပါတယ်။ ဦးမှာဝမ်းနည်းမှုမရှိပါဘူး။ ဂုဏ်ပဲယူနေပါတယ် သူ့အတွက်ကို။”

တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျန်ဆန္ဒထုတ်ဖော်နေတဲ့ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက လက်ပံတန်းမှာ ဖြိုခွင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

[gallery ids="87101,87102,87103,87104"]

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကျောင်းသားအပါအ၀င် ၀န်ရံသူ ၆၉ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲ