ဥရောပ ဘောလုံးအသင်း ကမ္ဘာဖလားတွင် နောက်တနေရာရသင့်ဟု ယူအီးအက်ဖ်အေပြော

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပအသင်း နောက်ထပ်တနေရာ ပိုရသင့်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ရဲ့ အထွေထွေအတွင်းရေးမှူး ဂီယန်နီ အင်ဖန်တီနိုက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမှာ  မူလ ၁၃ သင်း ၀င်ခွင့်ရနေရာက  ၁၄ နေရာ ရလာမယ်လို့ ထင်မြင်မိတယ်လို့ သူက မတ် ၂၃ ရက်က ပြောဆိုလိုက်တာပါ။ အရင် ကမ္ဘာဖလားပြိုင်ပွဲ ၃ ခုမှာ  အီတလီ၊ စပိန်နဲ့ ဂျာမနီအသင်းတွေရဲ့ အောင်မြင်မှု တွေကို  မီးမောင်းထိုးပြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ဥရောပအသင်းတွေ ပိုမိုပါဝင်သင့်တယ် လို့ ပြောဆိုခဲ့ပါတယ်။ အချက်အလက်တွေကို အခြေခံပြီး ဓမ္မဓိဌာန်ကျကျ ကြည့်မယ်ဆိုရင် ကမ္ဘာ့ထိပ်တန်း ၃၂ သင်းမှာ  ၁၉ သင်းက ဥရောပနိုင်ငံတွေပါလို့ သူကပြောပါတယ်။ လက်ရှိ  ၃၂ သင်း ပါဝင်ယှဉ်ပြိုင် နေတဲ့ ကမ္ဘာဖလားမှာ  ဖီဖာက ဥရောပအသင်းတွေရဲ့ နေရာကို လျော့ချဖို့ ရှိနေတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ မေလ ဖီဖာဥက္ကဋ္ဌ နေရာ ရွေးချယ်ပြီးရင် အသင်းထပ်တိုးမတိုး သိရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up