သတ်ဖြတ်ခံ အာဖဂန် အမျိုးသမီးရုပ်ကြွင်းကို အမျိုးသမီးလှုပ်ရှားသူများ သဂြိုဟ်

ကိုရမ်ကျမ်းကို မီးရှို့တယ်လို့ စွပ်စွဲခံရပြီး လူတစုက သတ်ဖြတ်ခဲ့တဲ့ အာဖဂန် နစ္စတန် အမျိုးသမီး အလောင်းကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက သယ်ဆောင် သဂြိုဟ်ခဲ့ပါတယ်။ မတ် ၂၂ ရက်က မြို့တော်ကဘူးလ်မှာ ဖာခွန်ဒါလို့ သိကြတဲ့ အမျိုးသမီးရဲ့ အလောင်းကို အခမ်းအနားနဲ့ မြေမြုပ် ခဲ့ပါတယ်။ ဖာခွန်ဒါဖခင် မာလစ်ဇာဒါက ကိုရမ်မီးရှို့တယ်လို့ စွပ်စွဲတဲ့ မွတ်စလင်ဘာသာရေးဆရာကို ရဲတွေက ဖမ်းဆီး ထားသလို လိမ်လည်ပြောဆိုခဲ့တာလို့ ထွက်ဆိုခဲ့တဲ့အကြောင်း ပြောပါတယ်။ "အပြစ်ကင်းတဲ့ လူသားတဦးကို တရားရုံးရဲ့ဆုံးဖြတ်ချက်မပါဘဲ အပြစ်ပေးလုပ်ဆောင်ခဲ့တဲ့ လူတွေ ကျနော်တို့ တိုင်းပြည်မှာ ရှိနေမယ်လို့ တခါမှ မစဉ်းစားဖူးဘူး”လို့ သူက ပြောပါတယ်။ အာဖဂန်သမ္မတ အဲ့ရှ်ရပ်ဖ် ဂါနီကတော့ ဖာခွန်ဒါကို သတ်ဖြတ်မှုကို ပြစ်တင်ရှုံ့ချလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ ပြောပါတယ်။ မတ် ၁၉ ရက်က ကဘူးလ်မြို့လယ်မှာ ဖာခွန်ဒါကို လူတစုက ရိုက်နှက် သတ်ဖြတ်ခဲ့တာကို ရုပ်သံတွေက ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်။ ဖာခွန်ဒါ ကိုရမ်ကျမ်းကို အမှန်တကယ် မီးရှို့ မရှို့ကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်မှာ စစ်သွေးကြွတွေကို နှင်ထုတ်ပြီး အမျိုးသမီး အခွင့်အရေးတွေ အရှိန်ပြန်ရလာခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။ [gallery ids="86784,86785,86786,86787,86788"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up