Home
မြန်မာသတင်း
"လက်ရှိ ပဋိပက္ခဖြေရှင်းမှုတွေဟာ ဥပဒေနဲ့အညီ ဖြစ်ရဲ့လား"- DVB DEBATE
DVB
·
March 23, 2015
“လက်ပံတန်းပွဲမှာ အစိုးရရော ကျောင်းသားပါ နှစ်ဖက်လုံးရှုံးတယ်။ ကျောင်းသားက မရှုမလှရှုံးတယ်၊ အစိုးရက မချိမဆန့်ရှုံးတယ်။ မိဘပြည်သူတွေလည်း ရင်နာရတယ်။” ဦးအောင်စိုးဦး - ဥပဒေပညာရှင်၊ တရားလွှတ်တော်ရှေ့နေ “လက်ပံတန်းမှာဖြစ်နေတဲ့ ကျောင်းသားထု၊ သပိတ်သည် မြန်မာတနိုင်ငံလုံးရဲ့ အနာပဲ” ဦးကေဇော် - စာရေးဆရာ၊ ဆောင်းပါးရှင် “ကျနော်ကတော့ သဘောမတူဘူး။ မှောင်အတိကျနေတဲ့ မြန်မာပြည်မှာ ကျောင်းသားသပိတ်က မီးအိမ်ဖြစ်တယ်၊ မီးရှူးတိုင်ဖြစ်တယ်။” ဦးနေ၀င်း - ဖြိုးဖြိုးအောင်၏ ဖခင် “ပွဲကြည့်သူတယောက်အနေနဲ့ သုံးသပ်ရရင် ကျောင်းသားတွေဘက်ကလဲ ရည်ရွယ်ချက် ဦးတည်ချက်တွေပြောင်းလာတယ် မူလအစရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဖို့အချက်ကနေ သပိတ်စစ်ကြောင်း ရန်ကုန်ရောက်ရေးဖြစ်လာတယ်. အစိုးရဘက်ကလဲ နိုင်ငံပိုင်မီဒီယာတွေကနေ သူတို့ရဲ့ အာဘော်တွေဖော်ပြပြီး အသံတိတ်တိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်စလုံး တင်းလာတာ။” ဦးကေဇော် - စာရေးဆရာ၊ ဆောင်းပါးရှင် “ကျမတို့ ရန်ကုန်မှာနေတာ ကျမမိဘတွေ ရန်ကုန်မှာပါ။ ကျမတို့က ဘာလို့ ရန်ကုန်ဝင်လို့မရတာလဲ” အိပုံ - ဗကသများအဖွဲ့ချုပ် “ကျောင်းသားတွေမှာ လက်ကိုင်ထားရတာ သပိတ်လက်နက်တခုပဲ၊ ကျောင်းသားတွေဟာ သဘောထားပြောင်းတာမဟုတ်ဘူး။ ဆွေးနွေးပွဲမှာထိုင်နေတဲ့ ကော်မတီဝင် ၁၅ ဦးက တနိုင်ငံလုံးက ကျောင်းသားတွေပါတဲ့ သပိတ်စစ်ကြောင်းကို ဟပ်ချလောင်းဆိုပြီး ရပ်လို့မရဘူး” ဒေါက်တာ ညိုညိုသင်း - ရန်ကန်တိုင်းဒေသကြီးလွှတ်တော်အမတ် “ပုဒ်မ ၁၂၇၊ ၁၂၈ ဆိုတာဟာ ပြည်သူ့လုံခြုံရေးအရ လက်နက်ကိုင်မဟုတ်တဲ့ အမျိုးသား ၅ ဦးကို အကူအညီတောင်းခွင့်ရှိတယ်လို့ ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကြိုတင်စုဆောင်းထားသူတွေ မဟုတ်ရပါဘူး။” ဦးအောင်စိုးဦး - တရားလွှတ်တော်ရှေ့နေ၊ ဥပဒေပညာရှင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024