စစ်ရေးလေ့ကျင့်မည့် မာန်အောင်ကျွန်းအနီးဖြတ်သန်းမသွားရန်သတိပေး
DVB
·
March 23, 2015
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်ထဲမှာ မြန်မာတပ်မတော် ရေတပ်က စစ်ရေးလေ့ကျင့်ဖို့ရှိနေတဲ့အတွက် သင်္ဘောနဲ့ လေယာဉ်တွေ ဖြတ်သန်းသွားလာမှု မလုပ်ဖို့ အစိုးရက သတိပေးထုတ်ပြန်ပါတယ်။
မာန်အောင်ကျွန်း အနောက်ဘက်ပင်လယ်ပြင်မှာ လာမယ့် မတ်လ ၂၇ ရက်ကနေ ဧပြီ ၆ ရက်အတွင်း စစ်ရေယာဉ်တွေက ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းတွေနဲ့ လက်နက်တွေ လေ့ကျင့်ပစ်ခတ်မှု လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် ဧရိယာ ၅ မိုင်ပတ်လည်မှာ သင်္ဘောကြီးငယ်တွေ၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္မာန်တွေ ဖြတ်သန်းသွားတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာတွေမလုပ်ဖို့နဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁၅၀၀၀ အောက် ပျံသန်းခြင်းမပြုဖို့ အသိပေးကြညာထားပါတယ်။