ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မည့် မြန်မာ့တပ်မတော်က သတိပေးချက်ထုတ်ပြန်

မြန်မာ့တပ်မတော်က စစ်ရေယာဉ်တွေဟာ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနဲ့ လက်နက်တွေ လေ့ကျင့်ပစ်ခတ်တာတွေကို ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်ဘက် ရေပြင်မှာ မတ်လ ၂၇ ရက်ကနေ ဧပြီ ၆ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ လေ့ကျင့်ခန်း ဧရိယာအတွင်း ၅ မိုင်ပတ်လည်မှာ ဘေးအန္တရာယ်ကင်းစေဖို့အတွက်  သင်္ဘောကြီးငယ်တွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်း သင်္ဘောတွေ၊စက်တပ် သမာန်တွေ ဖြတ်သန်းသွားလာတာ၊ ရပ်နားတာတွေ မရှိဖို့ သတိပေးချက် ကြေညာထားပါတယ်။ ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁သောင်း ၅ ထောင်အောက် ဖြတ်ကျော် ပျံသိန်းတွေ မလုပ်ဖို့ကိုလည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up