လမ်းလျှောက်တုတ်မလိုတော့တဲ့ မျက်မမြင်များအတွက် အင်္ကျီ

ပါလက်စတိုင်းသား အာယူအာဆာဆောဟာ လမ်းလျှောက်တုတ်ရဲ့အကူအညီနဲ့ပဲ အမြဲတမ်း လမ်းလျှောက်နေရတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ စမတ်အင်္ကျီရဲ့ကျေးဇူးနဲ့ သူ့ရဲ့လမ်းလျှောက်တုတ်ကို ထာဝရစွန့်ပစ်လိုက်လို့ရပါပြီ။ ဟယ်ဘရွန်ပိုလီတက္ကနစ်မှ ကျောင်းသားတွေဟာ နားကြပ်နဲ့ချိတ်ဆက်ထားတဲ့ တုန်ခါမှုသုံးဆင်ဆာတွေ အသံထွက်အမိန့်ပေးခိုင်းစေမှုတွေကိုသုံးပြီး ဒီအင်္ကျီကို ဆန်းသစ်တီထွင်ထားတာ ဖြစ်ပါတယ်။ ဒီစနစ်ကို မျက်မမြင်အထောက် အကူပြုစနစ်လို့ခေါ်ပြီး ဒါကို ဒီဇိုင်းထွင်ရာမှာ ပါဝင်ကူညီပေးခဲ့တဲ့ ကျောင်းသား အက်ဒယ်ရာမန်အယ်ဘာမီးက "ဒီစီမံကိန်းက အရင်ပြီးခဲ့တဲ့ တခြားစီမံကိန်းတွေနဲ့ ကွဲပြားပြီးတော့ ဖြေရှင်းနည်းတွေ အများကြီး ပေးထားပါတယ်။ ဥပမာအားဖြင့် မြေပြင်ဆင်ဆာက အရမ်းကို ထိရောက်မှုရှိတယ်။ ဒါပေမယ့် ဒီနယ်ပယ်မှာတော့ လုံးဝအသစ်ပဲဗျ။ ဒီစနစ်က အသံထွက်ခိုင်းစေမှုရယ်၊ တုန်ခါမှုအချက်ပြရယ် ကိုသုံးပြီး လူတွေနဲ့ တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်တာပါ" လို့ ပြောပါတယ်။ အင်္ကျီရဲ့ဘက်ထ္ထရီအားနည်းသွားချိန်မှာ သတိပေးချက်အသံမြည်လာမှာဖြစ်ပြီး အင်္ကျီဟာ စွမ်းအင်ချွေတာတဲ့ saving mode ကို ပြောင်းပစ်လိုက်မှာပါ။ ဒီအကျီင်္ကို သုံးစွဲရလွယ်ကူပါတယ် လို့ အဖွဲ့ကဆိုပါတယ်။ မျက်မမြင် အာယူအာဆာဆောက “နေ့စဉ်ဘ၀မှာ လမ်းလျှောက်တုတ်ပဲသုံးနေရတော့ ဒါက အပြောင်းအလဲလေးတခုပေါ့နော်။ အတားအဆီးတွေက ညာမှာလား၊ ဘယ်မှာလား၊ ရှေ့မှာလားဆိုတာလည်း ပြောပေးသေးတယ်ဗျ။ သိပ်ကိုကောင်းတာပဲ” လို့ ပြောပါတယ်။ ဒါဟာ ဈေးကွက်မှာ ပထမဦးဆုံး အင်္ကျီတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအင်္ကျီက ဈေးသက်သာပြီး အကျိုးရှိမယ်လို့ အဖွဲ့က ယုံကြည်ထားပါတယ်။ ဟယ်ဘရွန် အဖွဲ့ဟာ သူတို့ရဲ့ရှေ့ပြေးပုံစံကို စီးပွားဖြစ်ထုတ်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ရှာဖွေနေပါတယ်။ [gallery ids="86525,86526,86527,86528,86529,86530"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up