၂၀၁၉ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြင်သစ်တွင် ကျင်းပမည်

လာမယ့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ်လို့ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလပ်တာက အတည်ပြု လိုက်ပါတယ်။ ဖီဖာရဲ့ အမှုဆောင်ကော်မတီဝင် ၂၃ ယောက်က ၂၀၁၉  ကမ္ဘာ့ဖလားအမျိုးသမီးပွဲကို ပြင်သစ်မှာ လုပ်ဖို့ ရွေးချယ်တာ ဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌက ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က ပြောဆိုသွားပါတယ်။ အမျိုးသမီးပြိုင်ပွဲကို အိမ်ရှင် လုပ်ခွင့်ရရေးအတွက် အင်္ဂလန်၊ နယူးဇီလန်၊ တောင်အာဖရိကနဲ့ တောင်ကိုရီးယားနိုင်ငံတွေကလည်း စိတ်ဝင်စားကြောင်း အစောပိုင်းမှာ ကြေညာထားပါတယ်။ အမျိုးသမီးဘောလုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ပြင်သစ်ဟာ ဂျာမနီနဲ့  အမေရိကန်ရဲ့နောက် တတိယအဆင့်မှာ ရပ်တည်နေပါတယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲကို ကနေဒါက အိမ်ရှင် လုပ်ခွင့်ရထားပြီး လာမယ့် ဇွန် ၆ ရက်ကနေ ဇူလိုင် ၅ ရက်နေ့အထိ ယှဉ်ပြိုင်သွားမှာပါ။ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ကမ္ဘာ့ဖလားအမျိုးသမီးပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ၁၉၉၁ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အမေရိကန်က နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ လက်ရှိ ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲမှာ ချန်ပီယံကတော့ ဂျပန်အသင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up