Home
မြန်မာသတင်း
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တပ်ပိုင်းဆိုင်ရာကိစ္စ ဆွေးနွေး
နန်းမြနဒီ
·
March 18, 2015
1909162_938367996198175_6215435516938391479_o
11081374_938363169531991_6441313739854497435_n
11061697_938363232865318_1772684001659251683_o
10863965_938368772864764_4233157058391163739_o
10855015_938367196198255_1105320473858431905_o
1909162_938367996198175_6215435516938391479_o
ရန်ကုန်မှာ ကျင်းပနေတဲ့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယနေ့မှာ  တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ တပြည်လုံးအပစ်ရပ်စာချပ်ချုပ်ဆိုနိုင်ဖို့အတွက် ၇ ကြိမ်မြောက်တွေ့ဆုံ  ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အန်စီစီတီအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက “ဒီကနေ့တော့ တပ်ပိုင်းဆိုင်ရာကိစ္စ ဆွေးနွေးပါတယ်။ အဲဒီကိစ္စမှာ ကျနော်တို့ကတော့ စစ်သည်တော်များစည်းကမ်းနဲ့ ပတ်သက်၍သော်လည်းကောင်း၊ ပြီးတော့ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဲဒါတွေနဲ့ပတ်သက်တယ်။ အဲဒါဟာ နည်းနည်းအသေး စိတ်ကျအတွက် ဒီမတိုင်ခင်ကတည်းက အလုပ်အဖွဲ့ဖွဲ့ပြီး ဆွေးနွေးဖို့ သဘောတူထားတာရှိတယ်။  စက်တင်ဘာလတုန်းက ဆွေးနွေးမလို့ တိုင်းရင်းသားဘက်က တပ်မှူးတွေခေါ်ခဲ့ပေမယ့် အစိုးရတပ်ဘက်က အဆင်မသင့်ခဲ့ဘူး။  အဲဒါကြောင့် တနိုင်ငံလုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး တစ်လအတွင်း ဆွေးနွေးဖို့ သဘောတူထားပါတယ်။ အဲလို သဘောတူတဲ့အတွက်ကြောင့် သဘောတူ စာချုပ်ထဲမှာ ပါဝင်မယ့် အရေးကြီးတဲ့ တချို့ အချက်တွေကို ပြန်ညှိနှိုင်းတာပါ” လို့ ပြောပါတယ်။ အစိုးရဘက်က ဦးဆောင်ဆွေးနွေးတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “အရင်တုန်းကတော့ ကျနော်တို့ဘက်က အကြီးအကဲတွေက  ကျနော်တို့ကို မှာကြားထားတာ အန်စီအေ (တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်) ကို မြန်မြန်လုပ်ပါ၊ အန်စီအေပြီးတဲ့ အခါမှာ ဆက်တိုက် ကျင့်ဝတ်စည်းကမ်းနဲ့  ပူးတွဲစောင့်ကြည့်ကော်မတီ ဒီကိစ္စတွေ ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားပါလို့ ပြောထားတဲ့အတွက် ကျနော်တို့လည်း အသေးစိတ်တော့ ပြင်ထားပါတယ်’” လို့  ဆွေးနွေးပွဲမှာ ပြောပါတယ်။ ဆွေးနွေးနေကြတဲ့ တပိပိုင်းဆိုင်ရာကိစ္စတွေထဲမှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း၊ အပစ်ရပ်နယ်မြေသတ်မှတ်ရေး၊တပ်သားသစ်စုဆောင်းခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းနဲ့ နှစ်ဖက်တပ်နယ်မြေ သတ်မှတ်ခြင်း၊  ကြားကာလအခြေအနေ စတာတွေပါဝင်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး အန်စီစီတီ အဖွဲ့ဝင် ဦးခွန်ဥက္ကာက ” အန်စီအေထိုးပြီးတာနဲ့ အကောင်အတည်ဖော်မယ်၊ အကောင်အထည်ဖော်တဲ့ နေရာမှာ အသုံးပြုမယ့် လမ်းညွန်တွေကို ကျနော်တို့က အန်စီအေထဲမှာ ထဲ့ထားတယ်၊ ဒါပေမယ့် တကယ်အကောင်အထည်ဖော်တဲ့ အချိန်မှာ  လိုက်နာကျင့်သုံးဖို့ လမ်းညွန်ကတော့ အန်စီအေမှာ ပါပေမယ့် အသေးစိတ်ကိုတော့ တကယ် အကောင်အထည်ဖော်တဲ့ အချိန်မှာ ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်တယ်။ အဲဒီလို သွားတဲ့နေရာမှာလည်း သူ့နယ်မြေတွေ အပစ်ရပ်နယ်မြေတွေ ထိန်းချုပ်နယ်မြေတွေက မတူကြဘူး၊ မတူကြတဲ့ အခါကျတော့ အဲဒီတဖွဲ့ချင်း နယ်မြေတခုချင်းမှာ မတူတဲ့ အခြေအနေတွေအပေါ်မှာ အဲဒီနယ်မြေတွေမှာ ရှိတဲ့ တပ်မတော်တပ်မှူးတွေနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့က တပ်မှူးတွေနဲ့ ညှိပြီး စာချုပ်မှာတော့ ဒီလိုလမ်းညွှန်ထားတယ်။ ဒါကြောင့် ဒီလမ်းညွှန်ချက်အတိုင်း ဒါကို အခြေခံပြီး တိုင်ပင်ရအောင်ဆိုပြီး အချက်အလက် လုပ်သွားဖို့ ဖြစ်တယ်။ အဲဒါတွေလည်း ၁၄ ရက် ၁လကြားမှာ အကောင်အထည် ဖော်သွားမှာဖြစ်တယ်” လို့ ဒုတိယနေ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆွေးနွေးပွဲမှာ လေ့လာသူအဖြစ်တက်ရောက်လာတဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်ကတော့  အားလုံး သဘော တူနိုင်မယ့်အခြေအနေကို အမြန်ဆုံရောက်အောင်သွားဖို့လိုတယ်လို့ ဒီဗွီဘီကိုပြောတယ်။ "တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အပစ်အခတ်ရပ်စဲရေးရဖို့ အားလုံးကတော့ မျှော်မှန်းနေတာ ပေါ့နော်၊ ဒါပေမယ့် တကယ့် နည်းနာအရ အဖြေရှာဖို့ ဆိုတဲ့အခါမှာတော့ တွက်ဆမှုတွေ စဉ်းစားချက်တွေ နည်းနည်းနည်းနည်းလေးတွေ ကွာဟနေတာတွေရှိတော့ အဲဒီအပေါ်မှာ ပြန်ပြန် ညှိနေရတဲ့ သဘောပေါ့။ ဒါပေမယ့် အခုအချိန်ကတော့ ဆွေးနွေးလာတာ အချိန် အတိုင်းအတာ တစုံတရာလည်းရှိလာပြီဆိုတဲ့ အခါကျတော့  နှစ်ဦးနှစ်ဖက်ကနေ အားလုံး သဘောတူနိုင်မယ့် အဆင့်ကို ရောက်ဖို့အတွက် အမြန်ဆုံးသွားဖို့လိုတယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေ ရှိကြပြီလို့ ကျမတို့ ဒီလိုပဲ မျှော်လင့်ပါတယ်" ပြီးခဲ့တဲ့လတွေက နှစ်ဘက်အလုပ်အဖွဲ့တွေ အလွတ်သဘောတွေ့ဆုံဆွေးနွေးထားပြီး မူအားဖြင့် သဘောတူထားတဲ့အချက်တွေကို ဒီဆွေးနွေးပွဲမှာ တရားဝင်သဘောတူညီမှုရနိုင်ဖို့ ဆက်လက်ဆွေးနွေးနေတာဖြစ်ပြီး မနေ့ကတော့ ပဋိပက္ခလျော့ချဖို့ နှစ်ဘက်သဘော တူညီခဲ့ကြပါတယ်။ မနက်ဖြန် မတ်လ ၁၉ ရက် ဆွေးနွေးပွဲ တတိယနေ့မှာတော့ ဒီနေ့ကျန်ရှိတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စ  အချက်တချို့နဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်တခုလုံးကို  ခြုံငုံပြီး ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း [gallery ids="86166,86167,86168,86169,86170"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024