DVB Logo
Home
မြန်မာသတင်း
မြန်မာပို့စ်အယ်ဒီတာများ ထောင်ဒဏ် ၂ လစီကျ
DVB
·
March 18, 2015
မြန်မာပို့စ်အယ်ဒီတာများ ထောင်ဒဏ် ၂ လစီကျ
Donate to DVB

မြန်မာပို့စ်ဂျာနယ်အယ်ဒီတာချုပ်နဲ့ သတင်းထောက်ချုပ်တို့ကို တပ်မတော်သားတဦးက တရားစွဲဆိုပြီး မော်လမြိုင်တရားရုံးက ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ထောင် ၂ လစီ ချမှတ်လိုက်ပါတယ်။

မတ်လ ၁၈ ရက်နေ့လယ်က မော်လမြိုင်မြို့နယ်တရားသူကြီး ဦးသန်းအောင်က အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး မြန်မာပို့စ်ဂျာနယ်အယ်ဒီတာချုပ် ကိုသန်းထိုက်သူနဲ့ သတင်းထောက်ချုပ် ကိုဆန်းမိုးထွန်းတို့ကို မော်လမြိုင်အကျဉ်းထောင် ခေါ်ဆောင်သွားပြီလို့ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုဇင်သော်နိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၁ လပိုင်း ၂၉ ရက်ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်ကြောင့် ခုလို ထောင်ချခံရတာလို့ သူက ပြောပါတယ်။

“တရားစွဲတာက မွန်ပြည်နယ်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တယောက်ကပါ။ ရေးထားတဲ့သတင်းက လွှတ်တော်ထဲမှာ ပညာရည်နိမ့်ပါးမှုကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ၀င်ပါနေရတယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ရာမှာ အဲ့ဒီကုတ်ကို ပြောခဲ့တဲ့ ဗိုလ်မှူးသိန်းဇော်က ကျနော်တို့ကို အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။”

သတင်းရေးသားသူ နယ်ခံသတင်းထောက်က တရားလိုပြသက်သေလုပ်ခဲ့ပြီး သတင်းတည်းဖြတ်သူ သတင်းထောက်ချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို တရားစွဲဆို ထောင်ချခဲ့တာ ဖြစ်ပါတယ်။

အခု ထောင်ကျသွားတဲ့ မြန်မာပို့စ်ဂျာနယ်က သတင်းထောက်တယောက်ဟာ မတ်လ ၁၀ ရက် လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုအတွင်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဒါကို ကန့်ကွက်တဲ့အနေနဲ့ မကြာသေးခင်ရက်ပိုင်းမှာ ဂျာနယ်မျက်နှာဖုံးကို အနက်ရောင်အုပ် ထုတ်ဝေခဲ့ဖူးပါတယ်။

အစိုးရက သတင်းမီဒီယာသမားတွေ သတင်းယူရင်း ခြိမ်းခြောက်ရိုက်နှက်ဖမ်းဆီးခံနေရတာကို လျစ်လျူရှုနေတုန်း အခုလို မီဒီယာသမား ၂ ယောက် ထောင်ကျခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013