မပေါ်တပေါ်ပုံများတင်သည့် ထိုင်းအမျိုးသမီးများကို အရေးယူမည်

အင်တာနက်လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် “Underboob Selfies”စာမျက်နှာနဲ့ ပတ်သက်တဲ့ ထိုင်းအမျိုးသမီးတွေကို အရေးယူသွားမယ်လို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။ မတ် ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ဒီစာမျက်နှာမှာ ဓာတ်ပုံတင်တာနဲ့ ပတ်သက်တာတွေရှိရင်  ကွန်ပျူတာ အက်ဥပဒေအရ ထောင်ဒဏ် ၅ နှစ် ချမှတ်သွားမယ်လို့လည်း ၀န်ကြီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ဒီလူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမျိုးသမီးတွေရဲ့ ရင်သားအောက်ပိုင်းကို ဖော်ထားတဲ့ ကိုယ်တိုင်ရိုက် ဓာတ်ပုံတွေကို တင်ထားတာလည်း ဖြစ်ပါတယ်။ ဒီစာမျက်နှာကို ထိုင်းအမျိုးသမီးတွေနဲ့ ပတ်သက်တာကိုတော့ ၀န်ကြီးဌာနက သတိမထားမိသေးဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up