စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု ကျန်းမာရေး အခြေအနေဆိုး

စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ကျန်းမာရေးအခြေအနေ ပိုဆိုးရွာလာလို့ ဆရာဝန်တွေက အထူးကြပ်မတ်ကုသဆောင်မှာ အနီးကပ်စောင့်ကြည့်ကုသပေးနေတယ်လို့ အစိုးရက မတ် ၁၇ ရက်က ထုတ်ပြန်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ခံခဲ့ရလို့ အခြေအနေပိုဆိုးလာပြီး ပဋိဇီဝဆေး တွေနဲ့ ကုသနေတယ်လို့ ၀န်ကြီးချုပ် လီရှင်လွန်းရဲ့ ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ အသက် ၉၁နှစ် လီကွမ်ယုဟာ အဆုတ်ယောင် နမိုးနီးယား ရောဂါကြောင့် ဖေဖော်ဝါရီ ၅ ရက် ကတည်းက စင်ကာပူအထွေထွေ ဆေးရုံမှာ တက်ရောက် ကုသခံနေရတာပါ။ စင်ကာပူကို ၃၁နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီရဲ့ ပူးတွဲတည်ထောင်သူ လီကွမ်ယုဟာ နိုင်ငံရဲ့ အောင်မြင်တဲ့ စီးပွားရေးအတွက် ဂုဏ်ပြုခံရသူလဲ ဖြစ်ပါတယ်။ လက်ရှိ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းဟာ လီကွမ်ယုရဲ့သားအကြီးဆုံး ဖြစ်ပါတယ်။

More News
Up