ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီချမှတ်

ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ ပုံစံဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာခဲ့တဲ့ V Grastro.bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ဦးထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန်နိုင်ငံသား Mr.Philip၊ တို့ကို ဗဟန်းတရားရုံးက ဒီကနေ့ အလုပ်ကြမ်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။ ဘာသာသာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၆ လချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓပုံတော်ကို မလျော်မကန်သုံးပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ ၃ ဦးကို ဒီဇင်ဘာလ ၁၀ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ [gallery ids="85972,85974,85975,85977"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up