DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် စွဲချက်တင် (ရုပ်သံ)
DVB
·
March 17, 2015
စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် စွဲချက်တင် (ရုပ်သံ)
Donate to DVB

စာရေးဆရာ ထင်လင်းဦးကို  သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာ ဘာသာကို ပုတ်ခတ် ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးတရားရုံးက မတ် ၁၇ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။

အရင်တပတ်က စွဲချက်တင်သင့်မသင်တင် လျောက်လဲချက်ပေးခဲ့ပြီးတဲ့နောက် တရားရုံးက စွဲချက် အမိန့်ချမှတ် လိုက်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ မတ် ၂၄ ရက်ကျရင် တရားလိုပြ သက်သေနဲ့ ပြန်ခေါ်သက်သေတွေကို စွပ်စွဲခံထားရတဲ့ ဦးထင်လင်းဦး ရှေ့နေက ပြန်လည် စစ်ဆေးရမှာ ဖြစ်ပါတယ်။

စာရေးဆရာ ထင်လင်းဦးရဲ့ဇနီး ဒေါ်စောစန္ဒာကတော့ “သူတို့ စွဲဆိုချက်အတိုင်းကို ဖြေရှင်းရမှာပဲ၊ တကယ်လို့ ကိုယ့်ဘက်က တရားဥပဒေ စိုးမိုးမှု မရှိဘူး၊  ဦးထင်လင်းဦးကို ချမယ်ဆိုရင်လည်း အမတို့ကတော့ ဒါကို ရင်ဆိုင်ရမှာဘဲ”လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြော ပွဲမှာ  ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညိုးနွမ်းစေ တယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

စာရေးဆရာထင်လင်းဦး အနေနဲ့  ဇန်န၀ါရီလ ၁၅ ရက်နေ့က  ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့  ၀န်ချတောင်းပန်ခဲ့ရာမှာ  သံဃာတော်တွေကလည်း ကျေနပ် အသိအမှတ်ပြုထယ်လို့ မိန့်ကြားထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013