DVB Logo
Home
မြန်မာသတင်း
၎ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်တွေကို အစိုးရဖက်က အရင်ချိုးဖောက်ဟု သပိတ်မှောက်ကျောင်းသားများ ပြော(ရုပ်သံ)
DVB
·
March 16, 2015
၎ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်တွေကို အစိုးရဖက်က အရင်ချိုးဖောက်ဟု သပိတ်မှောက်ကျောင်းသားများ ပြော(ရုပ်သံ)
Donate to DVB

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ရလဒ်တွေကို အစိုးရဖက်က အရင်ချိုးဖောက်တာ ဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။

ပညာရေးဥပဒေပြင်ဆင်ရေး ပတ်သက်လို့ အမျိုးသား လွှတ်တော်ကြားနာပွဲကို နေပြည်တော်မှာ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကြားနာပွဲမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက ရလဒ်တွေ ဆက်ရှိနေမှာဖြစ်သလို ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် ပြောသလို ၄ ပွင့်ဆိုင် ရလဒ်တွေ ပျက်သွားတယ်ဆိုတာကို ကျောင်းသားတွေဖက်က ငြင်းဆိုလိုက်ပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ ဆက်စပ်တဲ့ဥပဒေတွေရှိနေသမျှ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူညီချက်ဆက်လက်ရှိနေဦးမယ်လို့ ဆိုပါတယ်။ ၄ ပွင့်ဆိုင် ရလဒ်တွေအရ သဘောတူထားတဲ့ အချက်တွေထဲမှာ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်တဲ့ ဘယ်သူကိုမဆို အရေးယူခြင်း မပြုရသလို သပိတ်နဲ့ ပတ်သက်လို့ အားပေးထောက်ခံတဲ့သူတွေကိုလည်း အရေးမယူရဘူးဆိုပြီး သဘောတူထားပါတယ်။ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာပါ။

လွှတ်တော်ကြားနာပွဲကို ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ၁၅ ဦးထဲမှာ ပါတဲ့ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ၆ ဦးက အဖမ်းခံထားရလို့ ဗကသကတော့ တက်ရောက်ခြင်း မရှိပါဘူး။ ကြားနာပွဲ မစခင်မှာ တက်ရောက်လာတဲ့ ကျောင်းသားတွေကတော့ လက်ပံတန်းသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာကို ၀မ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ၁ မိနစ် ငြိမ်သက်ခဲ့ပါတယ်။ အခုဆွေးနွေးပွဲကို တကသ အဖွဲ့မှ ၁၂ ယောက်တက်ရောက်ပြီး အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဆွေးနွေးနေပြီး ဆွေးနွေးမှုရလဒ်ကိုတော့ သတင်းထုတ်ပြန်သွားမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013