မန်ယူ၊ အဲဗာတန်နိုင်ပြီး ချဲလ်ဆီးသရေကျသည့် ပရီးမီးယားလိဂ်

4.6K
မတ် ၁၅ ရက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန် နိုင်ပြီး ချဲလ်ဆီး သရေကျသွားပါတယ်။
ချဲလ်ဆီးက အိမ်ကွင်းမှာ ဆောက်သမ်တန်နဲ့ တဂိုးစီ သရေကျခဲ့ပြီး အဲဗာတန်ကလည်း အိမ်ကွင်းမှာ နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။
မန်ယူကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ စပါးစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ မန်ယူအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ဖယ်လိုင်နီ၊ ကာရစ်နဲ့ ရွန်နီတို့က သွင်းယူပါတယ်။
စပါးစ်အသင်းရဲ့အဝေးကွင်း ကစားပုံဟာ ဒီပွဲမှာ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ဘဲ ၈၉ မိနစ် မတိုင်ခင်အထိ ဂိုးပေါက် ကန်သွင်းခွင့် မရဘဲ ဖြစ်ခဲ့ပါတယ်။
မန်ယူ နည်းပြ ဗန်ဂါးအတွက်တော့ အက်ဖ်အေဖလားမှာ ရှုံးထားတဲ့ ဖိအားတွေကနေ ဒီပွဲနိုင်လိုက်လို့ သက်သာရာ ရသွားပါတယ်။
စပါးစ်အသင်း နည်းပြ ပိုချက်တီနိုကတော့ “ ဒီနေ့ အသင်းရဲ့ ကစားပုံက တော်တော်ကို ညံ့ပါတယ်။ ဘာလို့ အဲဒီလို ဖြစ်သွားရတာလဲ ဆိုတာကို ပြန်ပြီး သုံးသပ်ရမှာပါ” လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။
မန်ယူက ဒီပွဲနိုင်လို့ ၅၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၈ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ စပါးစ်ကတော့ အမှတ် ၅၀နဲ့ အဆင့် ၇ ကို လျောကျသွားပါတယ်။
[gallery ids="85784,85785,85786,85787,85788,85789"]