ဒီမာရီယာ မန်ယူတွင် ဆက်ရှိမည်ဟု နည်းပြပြော

1K
ကွင်းလယ်သမား ဒီမာရီယာအနေနဲ့ မန်ယူမှာ လာမယ့် ရာသီအထိ ဆက်ရှိနေမယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။
ဒီမာရီယာဟာ အာစင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အနီကတ်နဲ့လည်း အထုတ်ခံခဲ့ရပြီး ခြေစွမ်းမပြနိုင်တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
အသင်းပိုင်ရှင် ဂလေဇာ မိသားစုကတော့ အသင်းအပေါ် သူ့ရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ကျေနပ်တယ်လို့လည်း နည်းပြ ဗန်ဂါးက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်သမားကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်းကျော်နဲ့ ခေါ်ယူထားတာပါ။
သူဟာ ရာသီအစပိုင်းမှာ မန်ယူအတွက် ခြေစွမ်းပြနိုင်ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။