Home
ဆောင်းပါး
နွေရာသီမှာ ဆင်ခြင်စရာ ကူးစက်ရောဂါ
DVB
·
March 14, 2015
ကျောင်းတွေလည်း ပိတ်တော့မယ်။ ကလေးက ဆော့လည်းမဆော့ချင်၊ ဟိုဟိုဒီဒီလည်း မသွားချင် ဖြစ်နေပါသလား။ ကလေးများ အဖြစ်များတဲ့ ကူးစက်ရောဂါတွေကနေ အဲလိုဖြစ်နေတတ်တယ်။ ဆောင်းတွင်းတုန်းကလို အအေးမိတာ၊ တုပ်ကွေးမိတာတွေ သိပ်မဖြစ်တော့ပါ။ ဒါပေမယ့် အပူနဲ့အတူ မတူတာတွေလာဖြစ်ပါမယ်။ ကူးစက်ရောဂါဆိုရင် (ဗိုင်းရပ်စ်) တွေကို အရင်စဉ်းစားရမယ်။ (၁) Viruses of Summer နွေရာသီ ဗိုင်းရပ်စ်တွေကတော့ -
  • Enteroviruses (အင်တရို-ဗိုင်းရပ်စ်) လို့ခေါ်တယ်။ ရိုးရိုးပြောရရင် Stomach bugs အစာအိမ်ပိုး ဖြစ်တယ်။ Coxsackie A16 and Enterovirus 71 viruses ဗိုင်းရပ်စ်တွေကြောင့် Hand, Foot and Mouth disease ဆိုတာ ဖြစ်နိုင်တယ်။ ပါးစပ်၊ လက်နဲ့ ခြေတွေမှာ အပူလောင်သလို အရည်ကြည်ဖူးလေးတွေ ဖြစ်မယ်။ ဒါမှမဟုတ် ပါးစပ်နာသက်သက် Herpangina ခေါ်တာဖြစ်မယ်။ အများအားဖြင့် နှာစေး၊ ချောင်းဆိုးလောက်သာ ဖြစ်ပါတယ်။ ဝမ်းပျက်တတ်တယ်။ နေမကောင်းဖြစ်မယ်။ ကံမကောင်းရင်တော့ Aseptic meningitis, encephalitis and myocarditis ခေါ်တဲ့ ဦးနှောက်မှေး၊ ဦးနှောက် နဲ့ နှလုံးကြွက်သား ရောင်တာတွေ ဖြစ်နိုင်တယ်။
  • Poliovirus ပိုလီယို-ဗိုင်းရပ်စ်၊ Polio (ပိုလီယို) လို့ခေါ်လည်း ရပါတယ်။ Enterovirus အမျိုးအစား ဖြစ်တယ်။ ကလေးတိုင်းကို မွေးကတည်းက ကာကွယ်ဆေး တိုက်ပေးကြရမယ်။ ပိုးဝင်တာခံရရင် ဖြစ်စမှာ ကိုယ်နည်းနည်းပူ၊ လည်ချောင်းနာ။ မကြာခင် Paralysis လေဖြတ်မယ်။ Meningitis ဦးနှောက်မှေး ရောင်လာမယ်။ ခုခေတ်မှာ ကာကွယ်ဆေးကြောင့် ကမ္ဘာမှာ အတော်များများ (ပိုလီယို) ရောဂါ သူငယ်နာ အကြောသေတာ မဖြစ်ကြတော့ပါ။
  • Rhinovirus (ရိုင်နို-ဗိုင်းရပ်စ်) ဆောင်းမှာသာ ပျော်တဲ့ ဒီအအေးမိပိုးကလည်း နွေမှာပါလာဖြစ်နိုင်တယ်။ အပူထဲမှာ Common cold အအေးမိတာ ဖြစ်တတ်တယ်။
  • Adenovirus (အဒီနို-ဗိုင်းရပ်စ်) က နွေမှာဖြစ်တတ်တယ်။ Pharyngo-conjunctival fever ခေါ်တယ်။ လည်ချောင်းနာ၊ ကိုယ်ပူ၊ မျက်စိနာမယ်။
  • Parainfluenza ခေါ်တဲ့ Respiratory bugs အသက်ရှူလမ်းပိုး။ Parainfluenza virus 3 ခေါ်တယ်။ Croup ချောင်းအသံ သြကြီးနဲ့ ဆိုးမယ်၊ Bronchiolitis လေပြွန်ရောင်မယ်၊ Pneumonia နူမိုးနီးယားဖြစ်မယ်။ Cold အအေးမိမယ်။
(၂) Mosquito-borne infections ခြင်ကနေသယ်ပေးတဲ့ ကူးစက်ရောဂါတွေက မြန်မာပြည်လို အပူပိုင်းနိုင်ငံတွေမှာ Dengue fever (ဒင်န်ဂူး-ဖီဗာ) ခေါ်တဲ့ သွေးလွန်တုပ်ကွေးက ထိပ်မှာရှိတယ်။ နွေပူပူမှာ ငှက်ဖျားဖြစ်သူလည်း ရှိပါတယ်။ သူများတိုင်းပြည်တွေမှာတော့ West Nile encephalitis နိုင်းမြစ်အနောက် ဦးနှောက်ရောင်ရောဂါ နဲ့ St. Louis encephalitis (စိန့်-လူးဝစ်) ဦးနှောက်ရောင် ရောဂါတွေ ဖြစ်တယ်။ ဒီ ၃ မျိုးလုံးကိုဖြစ်စေတဲ့ ပိုးက Arboviruses (အာဗို-ဗိုင်းရပ်စ်) တွေဖြစ်ပါတယ်။ ဒီရောဂါတွေက နွေခေါင်ခေါင်ကနေ နွေနှောင်းပိုင်းမှာ အဖြစ်များတယ်။ (၃) Tick-borne illnesses မှက်ကောင်တွေကနေ သယ်ပေးတဲ့ရောဂါတွေကတော့ Lyme disease (လိုင်းမ်) ရောဂါ၊ Rocky Mountain Spotted Fever (ရော်ကီး-မောင်းတိန်-စပေါ့တက်-ဖီဗာ) နဲ့ Ehrlichiosis ဗက်တီးရီးယား ရောဂါတွေ ဖြစ်ကြတယ်။ (၄) Food poisoning အစာဆိပ်သင့်တာ နဲ့ Food-borne illnesses အစာကနေဝင်တဲ့ ကူးစက်ရောဂါတွေပဲ။ ဒါတွေကို ဗက်တီးရီးယားတွေကနေ ဖြစ်စေတယ်။ သူတို့က ပူလောင်လောင် စိုထိုင်းထိုင်း ကြိုက်ကြတယ်။ လူအများစုစားတာကနေ ဖြစ်တာများတယ်။ မွေးနေ့၊ မင်္ဂလာဆောင်၊ အလှူအတန်း၊ ပျော်ပွဲစားမှာ စားစရာမှန်သမျှ သတိထားပါ။ စားသူအားလုံး ဖြစ်မယ်။ ဆေးရုံတက်ရနိုင်တယ်။ (၅) Naegleria fowleri ဆိုတဲ့ပိုးကနေ Amebic meningoencephalitis (အမီးဘာ) ဦးနှောက်နဲ့ ဦးနှောက်မှေးရောင်တာ ဖြစ်နိုင်တယ်။ ရောဂါက မြန်ပြီး သေစေနိုင်တယ်။ ရေသေနေရာမှာ အေးမနေတဲ့ ရေထဲမယ် ပိုးရှိနေရင် ကလေးကို ကူးလာနိုင်တယ်။ သောက်ရေထဲသာ မဟုတ်ပါ၊ ရေကူးကန်မှာလဲ Chlorination (ကလိုရင်း) ခပ်တာကို ထိရောက်အောင် ခပ်ရပါမယ်။ (၆) Travel Concerns ခရီးသွားတာ သတိထားပါ။ ရာသီပြောင်းရင် ရာသီအလိုက် ကျက်စားတဲ့ ပိုးမွှားတွေလည်း ပြောင်းတယ်။ နေရာဒေသမတူရင် မတူတဲ့ ပိုးမွှားတွေနဲ့ တွေ့မယ်။ ဒါကြောင့် ဥတုအပြောင်း၊ နေရာအပြောင်းမှာ ခရီးသွာတာ သတိထားပါ။ Traveler’s diarrhea ခရီးသည် ဝမ်းပျက်ရောဂါ သိပ်ဖြစ်ပါတယ်။ (၇) Preventing Summer Time Infections ဘယ်လိုကာကွယ်မလဲ။ များသောအားဖြင့် ကူးစက်ရောဂါတွေက Fecal-oral စအိုး-ပါးစပ်လမ်း နဲ့ Respiratory routes အသက်ရှူလမ်းကြောင်း တွေကနေ ဝင်လာကြတယ်။ လက်ကို မကြာမကြာဆေးပေးတာနဲ့ ရောဂါအတော်များများကို ကာကွယ်ရာကျတယ်။ Mosquito ခြင် နဲ့ Ticks မှက်အကောင်တွေ ကိုက်တာ မခံရအောင်လုပ်ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ ခြေအိတ်ရှည်၊ ဖိနပ်ရှည်တွေသုံးပါ။ Mosquito နဲ့ Tick repellent လိမ်းပါ။ Soybean oil ပဲပုပ်ဆီကလည်း ခြင်ကိုက်တာ ကာကွယ်နိုင်တယ်။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ခြင်ထောင်နဲ့သာ အိပ်စက်ပါ။ အစာဆိပ်သင့်တာကိုလည်း လက်ဆေးတာ၊ ပန်းကန်ခွက်ယောက် ဆေးတာတွေကနေ အတော်အတန် ကာကွယ်တယ်။ ချက်ပြုတ် ကြော်လှော်တာမှာ အပူချိန်မှန်ရမယ်။ ထားသိုသိမ်းဆည်းတာမှာ အအေးချိန် မှန်ရမယ်။ အစာအကြွင်းအကျန်မှန်သမှ အသေအခြာ စွန့်ပြစ်ပါ။ (၈) Gram-negative bacteria (ဂရမ်-အနုတ်ပြ ဗက်တီးရီးယား) တွေ Oregon State University (အိုရီဂွန်) တက္ကသိုလ် သုတေသနတခုအရ နွေရာသီမှာ ဆိုးဝါးတဲ့ ကူးစက်ရောဂါတွေ ရစေနိုင်တဲ့ (ဂရမ်-အနုတ်ပြ ဗက်တီးရီးယား) တွေဟာ နွေရာသီမှာ အပူချိန် ၁ ဒီဂရီတက်တိုင်း ပေါက်ပွါးတာ ၁၇ ရာခိုင်နှုန်း များတယ်လို့ သိရတယ်။ ဒါကြောင့် နွေရာသီမှာ ဒီပိုးတွေကြောင့် ရောဂါဖြစ်တာ ဆောင်းရာသီထက် ၄၆ ရာခိုင်နှုန်း ပိုများတယ်။ ဒီပိုးတွေကနေ Urinary tract ဆီးလမ်း၊ Gastrointestinal အစာလမ်း နဲ့ Respiratory infections အသက်ရှူလမ်းတွေကို ရောဂါရစေတယ်။ Pneumonia နူမိုးနီးယား၊ Wound အနာဒဏ်ရာ နဲ့ Blood infections သွေးထဲပိုးဝင်တာတွေကိုလည်း ဖြစ်စေနိုင်တယ်။ ပိုးနာမည်တွေက E. coli, P. aeruginosa, E. cloacae, and A. baumannii တွေဖြစ်တယ်။ P. aeruginosa ကြောင့် မီးလောင်နာ၊ နားအပြင်အနာ၊ ဆီးလမ်းပိုးဝင်တာ နဲ့ အဆုပ်ပိုးဝင်တာတွေ ဖြစ်စေနိုင်တယ်။ A. baumannii ပိုးက အခွင့်ကောင်းယူပြီး ဖြစ်လာတတ်တဲ့ ရောဂါတွေကို ရစေနိုင်တယ်။ အထူသဖြင့် HIV ပိုး ရှိနေသူတွေမှာ ဖြစ်တယ်။ P. aeruginosa ပိုးတွေက ရေကူးကန်တွေ ရေအိုင်တွေမှာ နေတယ်။ နွေရာသီမှာ ထူးခြားပြီး များလာတဲ့ (အီး-ကိုလိုင်) ပိုးကို အတိအကျ E. coli O157:H7 ခေါ်တယ်လို့ Environmental Microbiology ဗြိတိသျှ အနုဇီဝ ဂျာနယ် ကနေ ရေးသားထားတယ်။ (၉) နွေရာသီ ဆီးလမ်းကြောင်းရောဂါကနေ ဘယ်လိုကာကွယ်မလဲ
  • အရေးကြီးပါတယ်။ နွေရာသီမှာ ၄၆ ရာခိုင်နှုန်း ပိုဖြစ်တယ်။ နွေမှာ ရေဓာတ်နည်းတတ်တယ်။
  • တနေ့မှာ ရေ ၈ ခွက်ထက်မနည်း သောက်ပေးပါ။
  • နေ့တိုင်း Cranberry supplement 500 mg (ခရင်မ်-ဘယ်ရီ) ဖျော်ရည် သောက်သုံးပါ။
  • ဟင်းချက်တဲ့ထဲမှာ ကြက်သွန်ဖြူထည့်သုံးပါ။
  • ဆီးသွားဖို့လိုချိန်မှာ ဆီးမသွားဘဲ အောင့်မထားပါနဲ့။
  • တကိုယ်ရေသန့်ရှင်းရေးလုပ်တာမှာ အမွှေးအကြိုင် များတာမျိုးတွေ မသုံးပါနဲ့။
  • သန့်ရှင်းရေးသုံး Toilet Paper (တွိုင်းလက်-ပေပါ) ရိုးရိုးသာသုံးပါ။ မွှေးတာ လှတာ မလိုပါ။
  • အတွင်းခံတွေ (ကော်တွန်) ခြည်ထည်သာသုံးပါ။
  • Condoms (ကွန်ဒွမ်) နဲ့ Spermicides သုက်ပိုးသေဆေးသုံးတာ ဒီရာသီမှာ မကောင်းလှပါ။
  • လင်-မယား အတူနေတိုင်း မတိုင်ခင်မှာ ဆီးသွားပါ။ (ပိုဇေရှင်) အဆန်းတွေ မသင့်ပါ။
  • ရေကူးကန်ကရေ သိပ်နွေးပူတာ မသင့်ပါ။
  • ပါးစပ် အငြိမ်မနေတတ်သူတွေ ActiFruit 500 mg chews (ခရင်မ်-ဘယ်ရီ) ပါတာကို ဝါးပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024