နည်းပြကို လစာမပေးသည့် ဇင်ဘာဘွေအသင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက အထုတ်ခံရ

ဇင်ဘာဘွေနည်းပြဟောင်း ဂျိုဆေး ကလောဒီနေး ဂျော်ဂျင်နီကို ပေးချေရမယ့် ငွေမပေးတဲ့အတွက် ၂၀၁၈ ကမ္ဘာဖလားပြိုင်ပွဲ ခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် မပေးတော့ ဘူးလို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ပြောပါတယ်။ သတ်မှတ်ချိန် ရွှေ့ဆိုင်းထားပေမယ့် ဇင်ဘာဘွေ ဘောလုံးအဖွဲ့ချုပ်က နည်းပြကို ပေးစရာရှိတဲ့ ငွေ မပေးဘူးလို့ ဖီဖာထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဘရာဇီးနိုင်ငံသား ဂျော်ဂျင်နီရဲ့လစာကို ဇင်ဘာဘွေ ခရီးသွားလုပ်ငန်းက ပေးမယ်ဆိုပြီး ဇင်ဘာဘွေဘောလုံးအဖွဲ့ချုပ်နဲ့ ခရီးသွားလုပ်ငန်းတို့ နားလည်မှုရယူပြီး ၂၀၀၈ ခုနှစ်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ Zimbabwe expelled from 2018 World Cup (Getty Image)၂၀၀၈ ဇန်န၀ါရီကနေ နိုဝင်ဘာလအထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျော်ဂျင်နီက ဒေါ်လာ ၆ သောင်းကျော်နဲ့ သူကို အလုပ်ကနေ ဖြုတ်လိုက်တဲ့ အသုံးစရိတ်တွေ ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဇင်ဘာဘွေ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆက်ဆံရေး မန်နေဂျာ ဇိုလို ဆန်နီ ကွေဇဲလာက ဒီဆုံးဖြတ်ချက်ကို အယူခံဝင် သွားမှာ ဖြစ်သလို ညှိနှိုင်းဆောင်ရွက်နေ တယ်လို့ ပြောပါ တယ်။ ဇင်ဘာဘွေဟာ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲကို အောင်မြင်ခဲ့ဖူးခြင်း မရှိပေမယ့် ဇူလိုင်မှာ အာဖရိက ဇုန် ခြေစစ်ပွဲတွေကို ရုရှားမှာ ရေးဆွဲဖို့ ရှိတဲ့အတွက် အလျင်အမြန် အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဇင်ဘာဘွေဘောလုံးအဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ ၄ သန်းနီးပါး အကြွေးတင်နေပြီး ငွေကြေး အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up