ဘင်္ဂလားဒေရှ့်စစ်တပ်ပိုင် ဘိလပ်မြေစက်ရုံ ပြိုကျ၊ အလုပ်သမား ၁၀၀ ပိတ်မိနေ

ဘင်္ဂလားဒေရှ့်နိုင်ငံတောင်ပိုင်း မွန်ဂလာမြို့မှာ မတ် ၁၂ ရက်က ဘိလပ်မြေစက်ရုံ ပြိုကျခဲ့လို့ အနည်းဆုံး အလုပ်သမား ၅ ဦး သေဆုံးပြီး အလုပ်သမား ၁၀၀ လောက် စက်ရုံထဲမှာ ပိတ်မိနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေကြသလို အလုပ်သမား ၄၀ ကျော်ကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ မွန်ဂလာမြို့ဟာ နိုင်ငံတောင်ပိုင်းက ပြိုကျခဲ့တဲ့ ဘိလပ်မြေစက်ရုံဟာ စစ်တပ်ပိုင်စက်ရုံ ဖြစ်ပြီး ပြိုကျခဲ့တဲအချိန်မှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံက အဆောက်အဦးတွေ ဘေးကင်းလုံခြုံမှုအဆင့် နိမ့်ကျတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း ဒါကာမြို့တော်အပြင်က အထပ်မြင့် အထည်ချုပ်စက်ရုံတခု ပြိုကျခဲ့တာမှာ အထည်ချုပ်အလုပ်သမားအများစုဖြစ်တဲ့ လူပေါင်း ၁၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ [gallery ids="85424,85425,85426"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up