ကျောင်းသားများကို အားပေးသည့်ပြည်သူများကို ဖမ်းဆီး၊ ကျောင်းသားတဦး ဆေးရုံတင်ရ
DVB
·
March 10, 2015
ကျောင်းသားသပိတ်ကို ထောက်ခံအားပေးတဲ့ အပြင်ဘက်က ပြည်သူတွေကို ရဲလုံခြုံရေးတွေက နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ၀န်းကျင်မှာ ရိုက်နှက်ဖမ်းဆီးမှုများ ရှိလာလို့ အကြမ်းဖက်မှုများ မပြုလုပ်ရန် ကျောင်းသားတွေက မေတ္တာရပ်ခံပါတယ်။
ရဲလုံခြုံရေးအင်အားများ ထပ်မံရောက်ရှိလာသလို ကျောင်းသားသပိတ်ကို ၀န်းရံတဲ့ ပြည်သူတွေလည်း ရောက်ရှိလာနေတယ်လို့ ဒီဗွီဘီသတင်းထောက် ပြောပါတယ်။
အခုလက်ရှိမှာတော့ သပိတ်မှောက် ကျောင်းသားများအားလုံး ချက်ချင်း လူစုခွဲရန်၊ လူစု မခွဲပါက ဥပဒေအရ အရေးမည်ဖြစ်ကြောင်း အသံချဲ့စက်တွေနဲ့ ထပ်မံ ကြေညာနေပါတယ်။
ကျောင်းသားတဦးကို ဆေးရုံပို့ဆောင် လိုက်ရတယ်လို့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။