လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်လိုက်သည့် ဘာစီ

မတ် ၈ ရက်နေ့မှာ ယှဉ်ပြိုင်တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာက တိုက်စစ်မှူး မက်ဆီရဲ့ ခြေစွမ်းပြဂိုးတွေနဲ့အတူ ဗယ်လီကာနိုကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာဟာ ဒီပွဲ နိုင်လိုက်လို့  ၆၂ မှတ်နဲ့ ရီးရဲလ်မက်ဒရစ်ကို ၁ မှတ်အသာနဲ့ ဖြတ်ကျော်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရသွားပါတယ်။ ဘာကာအတွက် အနိုင်ဂိုးတွေကို ဆွာရက်က ၂ ဂိုး၊  ပီကေးက ၁ ဂိုးနဲ့ မက်ဆီက ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုရတဲ့ ဟက်ထရစ်ဟာ မက်ဆီအတွက် စပိန်လာလီဂါမှာ ၂၄ ကြိမ်မြောက် သွင်းယူနိုင်တာပါ။ မက်ဆီအတွက်တော့ ဒီနှစ်ရာသီမှာ သွင်းဂိုး ၃၀ ရှိသွားပြီ ဖြစ်လို့ ပြိုင်ဖက် ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ လိုက်မီသွားပြီ ဖြစ်ပါတယ်။ ဘာကာနည်းပြ လူးဝစ် အင်နီကေးကတော့ အခုအချိန်မှာ အမှတ်ပေးဇယားထိပ်ကို ရောက်လာပေမယ့် အတက်အကျ အနိမ့်အမြင့်တွေ ရှိသလို ရာသီအကုန်မှာ ထိပ်ဆုံးမှာ ရပ်တည်နိုင်ရေးက အဓိက ရည်ရွယ်ချက် ဖြစ်တယ်လို့  ပြောသွားပါတယ်။ [gallery ids="84787,84783,84784,84786"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up