ဒီဗွီဘီဝန်ထမ်း အလုပ်ခေါ်စာ
DVB
·
March 1, 2015
ဒီဗွီဘီသတင်းဌာနအတွက် ရုပ်မြင်သံကြား စတူဒီယိုခန်းအတတ်ပညာရှင်များ (TV Studio Technician) အလိုရှိသည်။
လျှောက်ထားသူသည်
(၁) အခြေခံ သတင်းပညာကို တတ်ကျွမ်းရမည်။
(၂) ရိုက်ကူးတည်းဖြတ်ပညာကို တတ်ကျွမ်းရမည်။
(၃) အလင်းအမှောင် ပေးခြင်း(lighting) ပညာကို တတ်ကျွမ်းရမည်။
(၄) broadcast engineer ဘာသာရပ်နှင့် ဘွဲ့ ရသူကို ဦးစားပေးရွေးချယ်မည်။
(၅) ထိုင်းနိုင်ငံတွင် အလုပ်လုပ်နိုင်ရမည်။
လျှောက်လွှာတွင် ပညာရေး၊ ကျွမ်းကျင်မှု ၊အလုပ်အတွေ့ အကြုံနှင့် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း(CV)ကို ထည့်သွင်းဖော်ပြပြီး မတ်လ (၃၁) မတိုင်မီ [email protected] သို့ အီးမေးလ် ပေးပို့ လျှောက်ထားနိုင်သည်။
အွန်လိုင်းသတင်းသမားတဦး အလိုရှိသည်။
ဒီဗွီဘီ မီဒီယာ၏ ဒီဗွီဘီဝက်ဘ်ဆိုက်အွန်လိုင်းဌာနတွင် တာဝန်ထမ်းဆောင်ရန် သတင်းသမား တစ်ဦး အလိုရှိသည်။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။
(၁) သတင်းသမားအဖြစ် အနည်းဆုံး သုံးနှစ် အလုပ်လုပ်ဖူးရမည်။
(၂) သတင်းလိုက်ခြင်း၊ သတင်းရေးသားခြင်း၊ သတင်းတည်းဖြတ်ခြင်း ကျွမ်းကျင်ရမည်။
(၃) မြန်မာစာအရေးအသား ကျွမ်းကျင်ရမည်။
(၄) Microsoft, Wordpress, Photoshop Program များကို တတ်ကျွမ်းရမည်။
(၅) ရန်ကုန်နှင့် ချင်းမိုင်မြို့ များတွင် အလုပ်လုပ်နိုင်ရမည်။
မတ်လ ၃၁ရက်နေ့  နောက်ဆုံးထား၍ အီးမေးလ်လိပ်စာ ( [email protected]) သို့  ကိုယ်ရေးအကျဉ်း CV ပေးပို့ လျှောက်ထားနိုင်ပါသည်။