DVB Logo
Home
မြန်မာသတင်း
စွမ်းအားရှင်မရှိဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ယတိပြတ်ငြင်းဆို
DVB
·
March 5, 2015
စွမ်းအားရှင်မရှိဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ယတိပြတ်ငြင်းဆို
1 / 16
Donate to DVB

သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က အခုအစိုးရလက်ထက်မှာ စွမ်းအားရှင်ဆိုတာ မရှိဘူးလို့ ယတိပြတ်ငြင်းဆိုလိုက်ပြီး လတ်တလော သပိတ်နှိမ်နင်းမှုတွေမှာ ပါဝင်နေတဲ့ အရပ်ဝတ်လူတွေဟာ ဘယ်အဖွဲ့အစည်းကလူတွေလဲ ဆိုတာ တိုင်းဒေသကြီးအစိုးရပဲ သိလိမ့်မယ်လို့  ပြောကြားလိုက်ပါတယ်။

ရန်ကုန်မှာ ရွှေပြည်သာအလုပ်သမားသပိတ်နဲ့ မြို့တော်ခန်းမရှေ့ကျောင်းသားသပိတ်တို့ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်ဝတ်လူအုပ်စုကပါ ၂ ရက်ဆက်တိုက် ၀ိုင်းပြီးနှိမ်နင်း ဖမ်းဆီးနေတဲ့ အပေါ် ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဦးရဲထွဋ်က ပြောလိုက်တာ ဖြစ်ပါတယ်၊

“ပထမတခုကတော့ ခင်ဗျား စွမ်းအားရှင်လို့ သုံးတဲ့ စကားလုံးကို ဒီခေတ်မှာ မရှိတော့ဘူး၊ ဒုတိတချက်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက သူတို့ ဒေသရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စအတွက်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရပ်ဝတ်နဲ့ပါနေတဲ့ သူတွေဟာ ဘယ်အဖွဲ့အစည်းလဲ၊ ဘယ်လို မူဝါဒလဲ ဆိုတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့ကို မေးမှ ရမယ်။”

သမ္မတပြောခွင့်ရသူက စွမ်းအားရှင်ဆိုတာနဲ့ ပတ်သက်ပြီး ပယ်ချခဲ့ပေမယ့် မတ်လ ၅ ရက် ရန်ကုန်မြို့တော်ခန်းမရှေ့က ကျောင်းသားသပိတ်ဖြိုခွင်းတဲ့နေရာကို ကိုယ်တိုင်ရောက်ရှိတွေ့မြင်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက မျိုးဆက်သစ်စွမ်းအားရှင်တွေလို့ ဆိုပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂၀ လောက်စီခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေ တွေ့ရတယ်။ ကျနော်တွေ့ဖူးသမျှ ဒီတခါ အငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင် မျိုးဆက်သစ်တွေပေါ့။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ လူထုနည်းကို လူထုနည်းနဲ့  ပြန်လည်ချေပလုပ်ဆောင်တာလို့ မှတ်ချက်ပေး ပြောပါတယ်။

“လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဟာ တော်တော်ရင်ဆိုင်နေရတဲ့အပိုင်းတွေရှိတော့ ပြည်တွင်းမှာ ငြိမ်သက်ချင်တဲ့သဘောကို အင်မတန်လိုလားပုံပေါ်ပါတယ်။ သူတို့ကလည်းပဲ အတိုင်းအတာတခု အခြေအနေတခုထိ စောင့်ဆိုင်းပြီးတော့ရှိခဲ့ပြီ။ ဒီတော့ သူတို့ဟာ ဒီလိုအခြေအနေမျိုးမှာ ကိုယ်တိုင်ကိုယ်ကျ တပ်နဲ့ ရဲနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ရမယ့်အစား စွမ်းအားရှင်ပဲ ဖြစ်စေ ဘာပဲဖြစ်စေပေါ့၊ လူထုနည်းကို လူထုနည်းနဲ့ ပြန်လည်ချေပတဲ့အလုပ်မျိုးကို လုပ်တာမျိုး ဖြစ်လိမ့်မယ်လို့ပဲ ကျနော်ထင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မတိုင်ခင် ယခင်စစ်အစိုးရလက်ထက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖမ်းဆီးရာမှာ စွမ်းအားရှင်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - ဒီဗွီဘီ

[gallery ids="84389,84390,84391,84392,84393,84394,84395,84397,84399"]

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013