DVB Logo
Home
မြန်မာသတင်း
မြို့တော်ခန်းမရှေ့ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီး
DVB
·
March 5, 2015
မြို့တော်ခန်းမရှေ့ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီး
Donate to DVB

လက်ပံတန်းမှာ ကျာင်းသားသပိတ်စစ်ကြောင်း တားဆီးခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရိုက်နှက်ကာ လူအချို့ကို ဖမ်းဆီးသွားပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပိုင်စိုးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက မနီလာသိန်းနဲ့ ကျောင်းသားအချို့ကို ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

“စည်းကမ်း လက်ပတ်ပတ်ထားသူတွေက သူတို့ ကျောင်းသားထုကို ၀င်ရိုက်ပြီးတော့ ပြဿ နာရှာပြီးတဲ့နောက်ပိုင်းမှာ သူတို့ ကားတွေနဲ့ ထွက်သွားတယ်။ ၈၈ က မနီလာသိန်းအပါအ၀င် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုနန်းလင်း အပါအ၀င် အနည်းဆုံး ၆ ယောက်လောက်ကတော့ အဖမ်းခံရတယ်။ ကားနဲ့ တင်ခေါ်သွားတယ်။”

ကျောင်းသားသပိတ်ခေါင်းဆောင်တွေက ဒီနေ့ ညနေ ၄ နာ၇ီလောက်မှာ မြို့တော်ခန်းမရှေ့ စတင်ဆန္ဒပြတာဖြစ်ပေမယ့် ဒီမတိုင်ခင်ကလည်း စွမ်းအားရှင်တွေက လိုင်းကား ၆ စီးကို ချာစွဲထားပြီး အခု ဖမ်းဆီးသူကို ဘယ်မှာခေါ်သွားလဲဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။

သတင်းအပြည့်အစုံ ဆက်လက်ဖော်ပြပါမည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013