ဒူဘိုင်းတင်းနစ်ပြိုင်ပွဲ ဖက်ဒရာက ဂျိုကိုဗစ်ကို အနိုင်ယူဗိုလ်စွဲ

2.5K
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ဒူဘိုင်း ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရော်ဂျာ ဖက်ဒရာက နိုဗက် ဂျိုကိုဗစ်ကို အနိုင်ရ သွားပါတယ်။
ပြီးခဲ့တဲ့နှစ် ၀င်ဘယ်ဒန် ဗိုလ်လုပွဲမှာ ဆုံဖူးထားပြီး ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်က အဲဒီတုန်း အနိုင်ရ ထားပါတယ်။
ဒီပြိုင်ပွဲမှာ အသက် ၃၃ နှစ်အရွယ် ဖက်ဒရာက ဖိုးအန်း ရိုက်ချက်တွေကနေ အသာစီးယူ ယှဉ်ပြိုင်ပြီး ပထမပွဲကို ၆ - ၃ နဲ့ အနိုင်ရသွားပါတယ်။
ဒုတိယပွဲမှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရလို့ ပရိသတ်အကြိုက် ပွဲကောင်းတပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျိုကိုဗစ်အနေနဲ့ အပြန်အလှန် အကွက်ချ ရိုက်ချက်တွေမှာ မယှဉ်နိုင် ဖြစ်ခဲ့ပြီး ဖက်ဒရာက ဘက်ဟမ်းရိုက်ချက်တွေကနေ လက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဒုတိယပွဲမှာလည်း ဖက်ဒရာကပဲ ၇ - ၅ နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ကမ္ဘာ့အဆင့် ၂ ဖက်ဒရာ အတွက်တော့ ဒူဘိုင်း ချန်ပီယံဆုကို ၇ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - dubaidutyfreetennischampionships.com
[gallery ids="83703,83704,83705,83706,83707,83708,83709,83710,83711,83712"]