ပြည်တွင် တရက်အတွင်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွား
DVB
·
March 1, 2015
ပဲခူးတိုင်း၊ ပြည်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နေရာ ၃ နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
နေ့လယ် ၃ နာရီလောက်က ပြည်မြို့ကနေ ရန်ကုန်ဘက် အထွက် ပညာရေးကောလိပ်ရှေ့ ကျွန်းတောမှာ တောမီးလောင်ကျွမ်းခဲ့လို့ ၂၅ ဧကကျော်လောက် လောင်ကျွမ်းသွားပါတယ်။ မီးများလာပြီး၊ မီးချောင်းရဲရပ်ကွက်နားအထိ ကပ်လာတဲ့အတွက် မီးသတ်ကား ၈ စီးလောက် သွားရောက်ငြိမ်းသတ်ခဲ့ရပါတယ်။
တချိန်တည်းမှာ ပြည်ဘာသာပေါင်းစုံ အေးငြိမ်းရာ သုသာန် နောက်ဘက် ကန်သုံးဆင့်အရပ်မှာ ညနေ ၃ နာရီခွဲလောက်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး ၁၀ ဧကလောက် လောင်ကျွမ်းသွားခဲ့ပါတယ်။
တရက်တည်းမှာပဲ ပြည်မြို့န၀ဒေးရပ်ကွပ်၊ ပွဲရုံတန်း အခန်းအမှတ် ၁၁ က ဗာဂျီးနီးယားဆေးရွက်ကြီး ဂိုထောင်မှာ ရေနဲ့ သန့်ရှင်းရေးပြုလုပ်နေစဉ် ဆေးရွက်ကြီးပိုးသတ်ဆေး (အလူမီနီယံဖော့စ်ဖရပ်) နဲ့ ရေနဲ့ ထိတွေ့ရာကနေ အခိုးအငွေ့များ ထွက်လာပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
ညနေ ၅ နာရီလောက်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကား ၁၂ စီးနဲ့ ၀ိုင်းငြိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။ န၀ဒေးပွဲရုံတန်း၊ ဗာဂျီးနီးယား ဂိုထောင်မီးလောင်မှုအတွက် တာဝန်ရှိသူကို မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
[gallery ids="83696,83697,83698,83699,83700"]